Connect with us

Politics, Law & Military

မောင်တောမြို့၌ ပိုင်ရှင်မဲ့ မိုးစပါး ဧက ၃၅၈၀ကျော် ရိတ်သိမ်းပြီးဟုဆို

မောင်တောမြို့၌ ပိုင်ရှင်မဲ့ မိုးစပါးရိတ်သိမ်းမှု ရိတ်သိမ်းမှုပြ ဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပိုင်ရှင်မဲ့ မိုးစပါးများရိတ်သိမ်းရာ၌ အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ၃၅၈ဝ ဒသမ ၉၆ ဧကကို ရိတ်သိမ်းပေးပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း၍ မောင်တောဒေသအတွင်း ရိတ်သိမ်း ရမည့် ပိုင်ရှင်မဲ့ မိုးစပါး ၄၅၂၈၆ ဧကကို ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။အဆိုပါ ရိတ်သိမ်းရာတွင် ကျောင်း တောင်ကျေးရွာအုပ်စုအတွင်း ၃ဝ၅ ဒသမ ၂၉ ဧက၊ ကံပူးကျေးရွာအုပ်စုအတွင်း ၃၆ဝ ဒသမ ၂ဝ ဧက၊ မြို့သူကြီး ကျေးရွာ အုပ်စုအတွင်း ၂၁၆ ဒသမ ၈၆ ဧက၊ ချိန်ခါလီကျေးရွာအုပ်စုအတွင်း ၁၉၄ ဒသမ ၈၁ ဧက၊ သံဒါကျေးရွာအုပ်စု အတွင်း ၁၂၂ ဒသမ ၇၄ ဧက၊ အလယ် သံကျော်ကျေးရွာအုပ်စုအတွင်း ၃၆၃ ဒသမ ၃ဝ ဧက၊ နွားရုံတောင်ကျေး ရွာ အုပ်စုအတွင်း ၁၅၃ ဒသမ ၁၉ ဧက၊ မြင်းလွှတ်ကျေးရွာအုပ်စုအတွင်း ၅၁၃ ဒသမ ၇၅ ဧက၊ ကျီးကန်းပြင်ကျေးရွာ အုပ်စုအတွင်း ၉ ဒသမ ၅၂ ဧက၊ သီဟိုဠ် ကျွန်းကျေးရွာအုပ်စုအတွင်း ၁၉ ဧက၊ ဥဒေါင်းကျေးရွာအုပ်စုအတွင်း ၁၅ဝ ဒသမ ဝ၂ ဧက၊ စံပယ်ကုံးကျေး ရွာအုပ်စု အတွင်း ၁၈၃ ဒသမ ၁၁ ဧက၊ လောင်းဒုံ ကျေးရွာအုပ်စုမှ ၁၉၃ ဒသမ ၂၅ ဧက၊ အောင်စစ်ပြင်ကျေးရွာအုပ်စုမှ ၂၁၈ ဒသမ ၇၃ ဧက၊ ဝါးချကျေးရွာအုပ်စု အတွင်း ၃၄ ဧက၊ သပြေတောကျေးရွာ အုပ်စုအတွင်း ၂၈ဝ ဒသမ ၂၉ ဧက၊ ဒိုးတန်းကျေးရွာအုပ်စုအတွင်း ၁၂ ဒသမ ၆ဝ ဧက၊ ရွာသစ်ကေကျေးရွာအုပ်စု အတွင်း ၆၂ ဒသမ ၁ဝ ဧက၊ ဇော်မတက် ကျေးရွာအုပ်စုအတွင်း ၃၆ ဒသမ ၅၅ ဧက စုစုပေါင်း ၃၅၈ဝ ဒသမ ၉၆ ဧက တို့အား ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း ၁၆၈၃၅၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)