Connect with us

Politics, Law & Military

မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့်သိမ်းဆည်းရမိ

သိမ်းဆည်းရမိခဲ့သော လေယာဉ်ပစ်ကျည်များအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ)

မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၈း၄၅ နာရီ အချိန် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာ၊ ကွက်သစ်၊ “စံပယ်မိုး”သောက်ရေသန့်စက်ရုံရှေ့လမ်းရှိ စံလင်း(ခ) ကိုဂျွန် (စိစစ်ဆဲ)ငှားရမ်းနေထိုင်သော အိမ်(ပိုင်ရှင်စိစစ်ဆဲ)သို့ သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အိမ်အောက်ထပ်ရှိ ပလပ်စတစ်ပုံးနှင့် လက်ဆွဲခြင်းအတွင်းမှ အရှည် ၆ လက်မခန့်ရှိ ၁၂.၇ မီလီမီတာ အမျိုးအစား လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး၊ စုံစမ်းရာ ၎င်းတို့မှာ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေကြောင်း သတင်းအရ ၂၁း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ စံလင်း(ခ) ကိုဂျွန်၏ နေအိမ်(မြစ်ကြီးနား)သို့ ဝင်ရောက်ရှာဖွေရာ စံလင်း (ခ) ကိုဂျွန်၊ (၄၄)နှစ်နှင့် ဇနီး မခါးဘူ(ခ) လဘန်ခါးဘူ၊(၃၄)နှစ်တို့ နှစ်ဦးအား ဖမ်းဆီးရမိပြီး ၂၃း၀၅ နာရီ အချိန်တွင် မြစ်ကြီးနား မြို့မရဲစခန်း သို့ခေါ်ဆောင် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.