Connect with us

Politics, Law & Military

နိုင်ငံ တစ်ဝန်း တိရစ္ဆာန် ကောင်ရေ စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် စတင်မည်

တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူရေး ဆရာဖြစ်သင်တန်းအား နေပြည်တော်၌ ပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တိရစ္ဆာန် ကောင်ရေ စာရင်း ကောက်ယူခြင်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ လည်းကောင်း၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲသော ဒေသများတွင် ဖေဖော်ဝါရီလအထိ လည်းကောင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ကောက်ယူရခြင်းသည် နိုင်ငံ ၏ တိရစ္ဆာန် ကောင်ရေနှင့် တိရစ္ဆာန် ထွက် ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယား များအား အတည်ပြု ထုတ်ပြန်ရန် ရည်ရွယ်ချက် အနေဖြင့် ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ စီးပွားရေးအရ အရေး ကြီးသော တိရစ္ဆာန်များ၏ ကောင် ရေစာရင်းကို အတိအကျ ရရှိနိုင်ခြင်း ၊ ကောက်ယူ ရရှိသော တိရစ္ဆာန် ကောင်ရေ စာရင်းများအပေါ်အခြေခံပြု၍ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲလျက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တော်၏ စီးပွားရေးကို အထောက်အကူပြု နိုင်ခြင်း၊ ကောက်ယူရရှိသော တိရစ္ဆာန်ကောင်ရေ စာရင်း အပေါ် အခြေခံ၍ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ လုပ်ငန်း စီမံချက်များကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော် အစိုးရ၏ အစားအစာ ဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ မူဝါဒများ ၊ လုပ်ငန်း စီမံချက်များ ချမှတ်ရာတွင် မှန်ကန်သော အချက်အလက်များ ပံ့ပိုးပေးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ စာရင်းအမှန် ရရှိရေး အတွက် အိမ်တိုင်ရာရောက် ကောက်ယူရာတွင် ပြည်သူများအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်မှသာ စာရင်းအမှန်ရရှိမည် ဖြစ်၍ ပူးပေါင်း ကူညီ ဆောင်ရွက် ပေးကြရန် လိုအပ် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.