ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ် ၂၈ ရက်တွင် သွားရောက်ခဲ့ရာတွင် မြစ်ကြီးနားမြို့ရှိ ကချင် လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံသကဲ့သို့တိုက်ပွဲရှောင် စခန်းများသို့သွားရောက်၍ နေ့ရပ်စွန့်ခွာသူများအား တွေ့ဆုံ အားပေးခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) သြင်္ကန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်၁၂ ချက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ၂၁ ရာစု စစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲတွင် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ၂၁ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောင်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) နတ်မြစ်အတွင်း လှေတစ်စင်းပေါ် မှ ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၃၂၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆ သိန်းကျော်)နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မတ် ၂၄ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ အစည်းအဝေး များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့မတ် ၂၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးမှ သတင်း...
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် အာရှ ဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လေကြောင်း...
နေပြည်တော်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မှုခင်း ကြိုတင်ကာကွယ်တားဆီးသည့် နည်းဗျူဟာများတွင် ထောင်ထွက်များအား လူ့ အဖွဲ့ အစည်းနှင့် ပြန်လည်ပေါင်းစည်းပေးခြင်းလည်း ပါဝင်ပြီး မြန်မာနိုင်ငံတွင် အဆိုပါ ကျင့်သုံးသည့် နည်းစနစ် ကောင်း လိုအပ်နေသည်ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သည့် ပထမအကြိမ် မြန်မာနိုင်ငံ...
နေပြည်တော်၊ မတ်လ ၂၂ ရက် (ဆင်ဟွာ) နှစ်စဉ် သြင်္ကန်အကြိုကာလနှင့် သြင်္ကန်ကာလအတွင်း အဝေးပြေးယာဉ်စီးခ နှုန်းထားများ တိုးမြင့်မှု ရှိခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်ဈေးနှုန်းများအတိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း၊ နေပြည်တော်မှ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့သွားလာကြမည့်သူများ အဆင်ပြေရန် ကားစီးရေ တိုးမြှင့်ထားရှိမည်ဖြစ်ကြောင်း၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ...
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၇ ခုနှစ် ဧပြီလအတွင်း တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်တချို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။