Connect with us

Politics, Law & Military

ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာတွင် ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာရှိ ဒေါ်ရင်ရင်(ဘ) ဦးအိုက်လင်း၏နေအိမ်အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဒေါ်ရင်ရင်ကို ဘိန်းဖြူမှုန့် ၂၅၀၈၀ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၂၀၉၀ ခွက်၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၉၉၅၀ ပြားနှင့် အလေးချိန် ၄၅၀ ဂရမ်ခန့်ပါ ဘိန်းဖြူဘလောက်တုံး အကြေမှုန့် ၁ ထုပ်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၂၁၈ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မူဆယ်မြို့ရှိအမှတ်(၂၂)မူးယစ်တပ်စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.