Connect with us

Politics, Law & Military

မစ္စယန်ဟီလီ၏ ခရီးစဉ်၌ Fact-Finding Mission ၏ လုပ်ပိုင်ခွင့် တာဝန်နှင့် ပတ်သက်ခြင်း မရှိစေရန် အကြောင်းကြားထားဟုဆို

မစ္စယန်ဟီလီ၏ ခရီးစဉ်နှင့် ပတ်သက်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ ဆဋ္ဌမအကြိမ်မြောက်ခရီးစဉ်အတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ချမှတ်ခဲ့သည့် (Fact-Finding Mission) ၏ လုပ်ပိုင်ခွင့် တာဝန်နှင့် ပတ်သက်ခြင်း မရှိစေရန် မြန်မာအစိုးရမှ ပြောကြားထားပြီးဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းခရီးစဉ်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ချမှတ်ခဲ့သည့် အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission) ၏ လုပ်ပိုင်ခွင့်တာဝန်နှင့်ပတ်သက်ခြင်း မရှိစေရန်လိုအပ်ကြောင်းကို အထူးအစီရင်ခံစာ တင်သွင်းသူအား အကြောင်းကြားခဲ့ရာ အထူးအစီရင်ခံစာ တင်သွင်းသူက လူ့အခွင့်အရေးကောင်စီမှ ၎င်းအား အပ်နှင်းသည့် လုပ်ငန်းဘောင်အတွင်းမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ပြီး၊ တိုးတက်မှုအခြေအနေကို အစီရင်ခံခြင်းကိုသာ ယခင်ခရီးစဉ်များကဲ့သို့ ပြုလုပ်ဆောင်ရွက်မည်ဟု ပြန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့ ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် ဇူလိုင် ၁၀ရက်နေ့မှ ၂၁ရက်နေ့ထိ ၁၁ရက်ကြာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူအား ခရီၤးစဉ်အတွင်း ၎င်း၏မူလလုပ်ငန်း တာဝန်ကိုသာ ဆောင်ရွက်မည်ဟူသော နားလည်မှုဖြင့် ခရီးစဉ်လာရောက်ရေးကိစ္စကို လက်ခံထားကြောင်း သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် Fact-Finding Mission အား ဖွဲ့စည်းစေလွှတ်ရန် ဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် လက်တွေ့အနေအထားနှင့် ကိုက်ညီမှုမရှိသည့်အပြင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်ခံမှု မပြုကြောင်းကို တရားဝင်ကြေညာ ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117