Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ သွားရောက်

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌ Admiral Sunil Lanba ၏ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံအစိုးရနှင့် တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ ထင်ရှားသည့်နေရာများအား ကြည့်ရှုလေ့လာခြင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများနှင့်ဌာနချုပ်များ၊ အကြီးစားစက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.