Connect with us

Politics, Law & Military

ကျပ်သိန်း ၆၀,၀၀၀ ကျော် မူးယစ်ဆေးဝါးများ နှင့် ရွှေတုံးများအား မန္တလေးတိုင်းဒေသကြီးတွင်ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူကို သက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ကျန်စစ်သားလမ်းနှင့်ဗညားဒလလမ်းထောင့်ရှိ နေအိမ်အား သွားရောက်စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆၃,၂၀၀ ခန့်) နှင့် မီးခံသေတ္တာအတွင်းမှ မြန်မာငွေကျပ် သိန်း ၃၆၀၊ အလေးချိန် ၁၀ ကျပ်သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ်တစ်လုံးနှင့် ရွှေထည်မျိုးစုံ၊ စုစုပေါင်း ရွှေအလေးချိန် ၂ ပိဿာ ၁၆ ကျပ်သား ၄ ပဲတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအားစစ်ဆေးစဉ် ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ ဦး — မောင်းနှင်လာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-6D/—- နှင့် ဦး– မောင်းနှင်သည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-4F/—- တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ အိုက်စ် ၇၀ ကီလိုဂရမ်ခန့်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းချက်များအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ကျန်စစ်သားလမ်းနှင့်ဗညားဒလလမ်းထောင့်ရှိ ဦး– ၏ နေအိမ်အား သွားရောက်စစ်ဆေးရာ အိမ်စောင့်ဖြစ်သူ အားတွေ့ရှိရပြီး ၎င်းအိမ်စောင့်နှင့်အတူ (င)ရပ်ကွက်၊ လမ်း ၆၀ မင်းကြီး ရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းကြားရှိ ဂိုဒေါင်အား သွားရောက်စစ်ဆေးရာ ဂိုဒေါင်အတွင်းမှ LINCOLN NAVIGATOR STATION WAGON(4×4)အမျိုးအစားမော်တော်ယာဉ်အမှတ်၊ 9E/—- ၊ TOYOTA HIACE MINI BUS အမျိုးအစားမော်တော်ယာဉ်အမှတ်၊ 7K/—- နှင့် TOYOTA HILUX SURF အမျိုးအစားမော်တော်ယာဉ်အမှတ်၊ 2E/—- တို့ကိုတွေ့ရှိရပြီး ယာဉ်များပေါ်မှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄၀၀၀ ပြား နှင့် ရွှေများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများထားရှိရာနေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား နောင်ချိုမြို့မရဲစခန်းနှင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းတို့၌ တရားဥပဒေအရအမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.