နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ယနေ့ နံနက် ၉နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့သုံးဖွဲ့မှ ဦးဆောင်ကျင်းပသော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) သကြားထွက် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်း ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြံခိုက် တောင်သူ၊ သာကားချက်စက်နှင့် ပြည်ပ သကြားတင်သွင်းမှု အားလုံးကို ဟန်ချက်ညီအောင် ထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် မြန်မာ့ ကြံနှငိ့ သကြားဥပဒေ...
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သည့် ဘတ်စ်ကားစနစ်သစ်အား ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ရာ အခက်အခဲ တစ်ချို့ကြုံတွေ့ကြသော်လည်း နယ်ပယ် အသီးသီးရှိ မြို့ပြ ပြည်သူလူထုမှ ပူးပေါင်း ပါဝင်မှုများ ဆောင်ရွက်ခဲ့ပြီး ကြိုဆိုမှုများ ရှိခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်းငါးထောင် ကျော်ဖိုးရှိ ဘိန်းညိုမှုန့်/ခဲထုပ်(၄၆)ထုပ်အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ကားအရောင်းပြခန်း နှင့် အရောင်းစင်တာများဖွင့်လှစ်၍ မော်တော်ယာဉ် များတင်သွင်းရောင်းချနေသော ကုမ္ပဏီများအနက် ကုမ္ပဏီ (၇၀)ခုတို့သည် ၁၂-၁-၂၀၁၇ရက်အထိ ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်များအတွက် ကျသင့်အခွန်များပေးဆောင်ရန် ပျက်ကွက်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ( MOFCOM) သည် ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သယံဇာတ နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊...