Connect with us

Politics, Law & Military

မိုင်းရှင်းလင်းရေးအား တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက် သွားမည်

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒသမ အကြိမ် အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း၍ မိုင်းရှင်းလင်းရေးများအား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ယနေ့မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒသမ အကြိမ် အစည်းအဝေးအား မေ ၃ ရက်မှ ၅ ရက် အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၎င်းက သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

“တပ်မတော်ရဲ့သဘောထားကတော့ NCA ပါ အတိုင်း မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ပါမယ်။ အဲလို ဆောင်ရွက် တဲ့ အခါမှာ ကျွန်တော်တို့တပ်မတော်နဲ့တစ်ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားခဲ့သည်။

JMC-U အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

မိုင်းရှင်းလင်းရေးအား ကရင်ပြည်နယ်၌ ဆောင်ရွက် သွားရန် ရှိပြီး KNU နှင့် ညှိနှိုင်းနေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ မိုင်းရှင်းလင်းရေး နှင့် ပတ်သက်၍ “ပြည်ပကနေပြီးတော့ အကူအညီ ပေးချင်တယ် ဆိုရင် ကျွန်တော်တို့နည်းပညာ ယူပါမယ်။အထောက်အကူပြု ပစ္စည်းတွေ ယူပါမယ်။မိုင်းရှင်းတာတော့ နှစ်ဖွဲ့ ပေါင်းပြီးပဲ ရှင်းသွားဖို့ကျွန်တော်တို့တပ်မတော်ရဲ့သဘောထားကတော့ အဲလို ရှိပါတယ်။”ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားခဲ့သည်။

ယခု ကျင်းပ ပြုလုပ်သည့် JMC-U ဒသမ အကြိမ် အစည်းအဝေးတွင် လုပ်ငန်းစဉ်များ ဖြစ်သည့် လုပ်ထုံးလုပ်နည်း များကို အတည်ပြုနိုင်ခဲ့ကြောင်း ၊ ရပ်ကွက် ၊ ကျေးရွာများတွင် စောင့်ကြည့်ရေး လုပ်ငန်းများ လုပ်ဆောင်မည့် နှစ်ဘက် လက်ခံသည့် ဒေသခံများ၏ လုပ်ငန်း လမ်းညွှန် ၊ လုံခြုံရေး ဆိုင်ရာ အတွက် လုပ်ထုံး လုပ်နည်းများကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုင်းရှင်းလင်းရေး ၊ နယ်မြေ သတ်မှတ်ခြင်း ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း ၊ ဒေသန္တရ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L) ဖွဲ့စည်းရေး ၊ ဖိလစ်ပိုင် နိုင်ငံသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနေဖြင့် သွားရောက်ရန် ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဒေသန္တရ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L) ဖွဲ့စည်းရေး အား အဓိကအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခု အကြား ပဋိပက္ခ အများဆုံး ဖြစ်နိုင်သည့် နေရာများအား ရွေးချယ် ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ၊

JMC-L ဖွဲ့စည်းရေး အတွက် ရှမ်းပြည်နယ်တွင် တစ်နေရာ ၊ ကရင်ပြည်နယ်တွင် တစ်နေရာ ၊ ပဲခူးတိုင်း ဒေသကြီးတွင် တစ်နေရာ လျာထား ရွေးချယ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.