Connect with us

Politics, Law & Military

ဥပဒေအကြံပေး ဦးစီးဌာနက တစ်နှစ်အတွင်း ကိစ္စရပ် ၁၆၀၀ ကျော်တို့ကို စိစစ် အကြံပြုနိုင်ခဲ့

ပြည်ထောင်စု ရှေ့ နေချုပ်ရုံး၏ တစ်နှစ်တာ ပြုပြင်ဆောင်ရွက်မှုများကို အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဥပဒေ အကြံပေးရေး ဦးစီးဌာနသည် တစ်နှစ်တာ ကာလအတွင်း ကိစ္စရပ်ပေါင်း ၁၆၀၀ ကျော်တို့ကို စိစစ် အကြံပြုပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စု ရှေ့နေချုပ် ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ယနေ့နေ့လယ်ပိုင်းတွင် မီဒီယာသို့ဖြေကြားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အာဆီယံရေးရာနဲ့ သက်ဆိုင်တဲ့ ကိစ္စ ၅၇၄ ခု၊ အစိုးရဌာနနဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေ ချုပ်ဆိုတဲ့ စီးပွားရေး စာချုပ် စာတမ်း ၇၄၅ ခု၊ အထွေထွေ ဥပဒေ အကြံပေးခြင်းကိစ္စ ၂၉၁ ခု – စုစုပေါင်း ၁၆၁၀ ခုတို့ကို စိစစ် အကြံပြုနိုင်ခဲ့ပါတယ်” ဟု နေပြည်တော် ပြန်ကြား ရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည် ထောင်စု ရှေ့နေချုပ်ရုံး၏ တစ်နှစ် အတွင်း ပြုပြင်ဆောင်ရွက်ချက်များ သတင်းစာ ရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာနှင့် နှစ်ဖက် စာချုပ်ဝင်များ အကြား နည်းပညာ၊ ငွေရေးကြေးရေး ထောက်ပံ့ကူညီရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ စာချုပ်များအပေါ် ဥပဒေ အကြံပေးခြင်း၊ ၂၀၁၆ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ အဓိက စာချုပ် တစ်ခုဖြစ်သည့် ICESCR:_ International Covenant on Economic Social and Cultural Rights အား မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း၊ ငွေကြေး ခဝါချ တိုက်ဖျက်ရေးဆိုင်ရာ အာရှပစိဖိတ်အဖွဲ့မှ နိုင်ငံ အချင်းချင်း အကဲဖြတ်ရေး လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံအပေါ် ဒုတိယ အကြိမ် ပြန်လည် အကဲဖြတ်ရေး လုပ်ငန်းစဉ်နှင့် ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အရ ဆာင်ရွက်ရသော ကိုယ်ပိုင် အကဲဖြတ် ဆန်းစစ်ချက် လုပ်ငန်းစဉ်များတွင်လည်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားစွဲနှင့် အမှုလိုက် ဦးစီးဌာန၊ တရားမစွဲမီ ဥပဒေ အကြံပေးရေးနှင့် တင်ပြချက်များ စိစစ်ရေးဌာနခွဲ၏ တစ်နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း “ ဝန်ကြီးဌာန အဖွဲ့အစည်းများကို ဥပဒေ အကြံပေးရာမှာ လက်ခံရရှိတဲ့ အမှုပေါင်း ၉၅ မှာ ၈၉ မှု ဆောင်ရွက်ပြီးစီးခဲ့ပြီး ခြောက်မှု ကျန်ပါတယ်၊ တိုင်းဒေသကြီး ပြည်နယ် ဥပဒေချုပ်ရုံးတွေရဲ့ အကြံပေး မိတ္တူ၊ အတည်ပြု မိတ္တူတွေ ၆၁၁၁ မှု လက်ခံရရှိခဲ့ ရာမှာ အားလုံးကို ဆောင်ရွက်ပြီးစီးခဲ့ပါတယ်” ဟု သူမက ရှင်းပြခဲ့သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဥပဒေ စိစစ်ရေး ဦးစီးဌာနသည်လည်း တစ်နှစ်တာ အတွင်း ဥပဒေကြမ်းများ စိစစ်ရာတွင် ဝန်ကြီးဌာနများမှ ပေးပို့သော ဥပဒေကြမ်း ၁၂၂ ခု၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်း မူာကမ်း ၁၅၈ ခုတို့ကို စိစစ် အကြံပြုနိုင်ခဲ့ပြီး ဥပဒေ ၈၈ ခုတို့ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့ကြောင်း၊ အမှုလိုက် ဌာနခွဲသည် တစ်နှစ်တာ ကာလအတွင်း သေဒဏ် အတည် ပြုမှု ၁၈ မှု၊ ရာဇဝတ် အယူခံမှု ၁၄၇ မှု၊ ရာဇဝတ် ပြင်ဆင်မှု ၂၁၆ မှု ရာဇဝတ် အထွေထွေမှု လေးမှု၊ ရာဇဝတ် အထွေထွေ လျှောက်လွှာ(ထူး) အမှု ၄၅ မှုနှင့် ရာဇဝတ် အထူး အယူခံမှု ၁၈ မှု — စုစုပေါင်း ၄၄၈ မှုတို့ကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.