Connect with us

Politics, Law & Military

ရင်းနှီးမြှုပ်နှံလုပ်ငန်းအားလုံးကို ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ဖြင့်သာ ဆောင်ရွက်မည်

င်းနှီးမြှုပ်နှံမှု ဥပဒေအဖွင့်စာမျက်နှာအားတွေ့ရစဉ် (ဓာတ်ပုံ-- DICA)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို နည်းဥပဒေနှင့် ပတ်သက်သည့် လိုအပ်သော အချက်အလက် များကို ထုတ်ပြန်ပြီးဖြစ်၍ အလုံးစုံ ပြည့်စုံသွားပြီဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းအားလုံးကို ဥပဒေသစ်ဖြင့်သာ လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ကိုလည်း ၂ဝ၁၇ ခုနှစ် မတ်လ အတွင်း ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ကျင့်သုံးနိုင်ရန် နည်းဥပဒေအား ထုတ်ပြန်ထားပြီး ဆက်လက်၍လည်း ဥပဒေသစ်ဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ယခင်ဥပဒေ ဟောင်းဖြင့် လက်ခံထားသည့် နိုင်ငံခြားသား လုပ်ငန်း ၃၂ ခုနှင့် မြန်မာနိုင်ငံသား လုပ်ငန်း ၂ဝ ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိသည့် လုပ်ငန်းများကိုလည်း မကြာမီ အပြီးသတ် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စတင်အသက်ဝင် ကျင့်သုံးသွားမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၌ ပါဝင်သည့် ကန့်သတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ဇုန်ဧရိယာ သတ်မှတ်ချက်များ၊ ဦးစားပေး မြှင့်တင်သည့် လုပ်ငန်းကဏ္ဍ စသည်တို့နှင့် ပတ်သက်၍လည်း မည်သူမဆို လေ့လာ သိရှိနိုင်စေရန် ဝက်ဘ်ဆိုက်၌ အသေးစိတ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.