ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သူမှာ မန္တလေးဇာတိမဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်စွာ ရင်ဆိုင်ရန် NLDပါတီက ဇန်နဝါရီ ၂၉ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှု များကို အခွန်စည်းကြပ်ခြင်း နှင့် ဒဏ်ကြေး သတ်မှတ်ခြင်း တို့အတွက် အကောက်ခွန် ဦးစီးဌာန၏ ညွှန်ကြား လွှာသစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ပြည်သူကို ဦးဆောင်ပြီး တိုင်းပြည်ကို ထိထိရောက်ရောက် တည်ဆောက်နိုင်ကြရန် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် ကြိုးပမ်းကြရန် အငြိမ်းစား သမ္မတ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင် ကော်မတီ နာယက ဦးသိန်းစိန်က ယနေ့ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဗဟို...
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံနှစ်ထောင်ထား ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက် ဂျန်နရယ်အီလက်ထရစ်ကုမ္ပဏီ(General Electric – GE)မှ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေပြည်တော် သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေးကြသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်နှင့် မန်တုံမြို့အနီးဝန်းကျင် ရွှေလီမြစ်ကြောင်းတစ်လျှောက်၌ သစ်ခိုးအဖွဲ့များက သစ်များခိုးထုတ်လျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမဝင်သစ်များနှင့် သစ်တင်ယာဉ်များသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စေရန် တပ်မတော်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။