Connect with us

Politics, Law & Military

ကလောမြို့နယ်တွင် ငွေကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- ရဲဇာနည်)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၁,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၇ ရက်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး ကလော-သာစည်သွားကားလမ်းမပေါ်တွင် မောင်မောင်မြင့် မောင်းနှင်ပြီး ပြည့်ဖြိုးဝင်း လိုက်ပါလာသည့် ALPHARD အမျိုးအစား ခဲရောင် မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ စက္ကူဂျပ်ဖာ ၅ ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ပလတ်စတစ်လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၁ သိန်း (ယင်းဒေသတန်ဖိုး ငွေကျပ် ၁၁၀၀၀ သိန်း) သိမ်းဆည်းရမိသဖြင့် မောင်မောင်မြင့်(၄၄)နှစ်နှင့် ပြည့်ဖြိုးဝင်း(၂ဝ)နှစ်တို့နှစ်ဦးအပေါ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)