Connect with us

Politics, Law & Military

MRTV က Content Providers အဖြစ် လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ/အဖွဲ့အစည်း ၅ ခုကို ထုတ်ပြန် ကြေညာ

မြန်မာ အသံ နှင့် ရုပ်မြင်သံကြား၏ ထုတ်ပြန် ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

မြန်မာ အသံ နှင့် ရုပ်မြင်သံကြား၏ Multi-Channel Playout System တွင် ရုပ်သံလွှင့် လုပ်ငန်း(Digital Free-To-Air) လုပ်ကိုင်ခွင့် ရရှိသူ Content Providers များ အဖြစ် ကုမ္ပဏီ/အဖွဲ့အစည်း ၅ ခုအား မြန်မာ အသံ နှင့် ရုပ်မြင်သံကြားမှ ထုတ်ပြန် ကြေညာခဲ့သည်။

ထိုကုမ္ပဏီ/အဖွဲ့အစည်း ၅ ခုမှာ Mizzima Media Co.,Ltd ၊ Young Investment Group Co.,Ltd ၊ Kaung Myanmar Aung Co.,Ltd ၊ Fortune International Ltd ၊ DVB Multi Media Group Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။Free-To-Air(FTA) ဒစ်ဂျစ်တယ် ရုပ်သံလိုင်း လုပ်ကိုင် ထုတ်လွှင့်ခွင့် ရရှိခြင်း နှင့် ပတ်သတ်၍ မဇ္ဈိမ မီဒီယာသည် ဤအခွင့်အလမ်းကို စိတ်အား ထက်သန် တက်ကြွစွာ အသုံးပြု ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရုပ်သံ မီဒီယာ ကဏ္ဍ ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်သွားမည် ဖြစ်ကြောင်း Mizzima Media Co.,Ltd မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ အသံ နှင့် ရုပ်မြင်သံကြား၏ Multi-Channel Playout System တွင် Digital Free-To-Air Channel ၅ ခု အတွက် ပဏာမ Content Providers များ အဖြစ် ကုမ္ပဏီ/အဖွဲ့အစည်း ၁၀ ခုအား ဖေဖော်ဝါရီ ၃ ရက်တွင် ရွေးချယ် ထုတ်ပြန်ခဲ့သည်။ထိုပဏာမ ရွေးချယ်ခံရသည့် ကုမ္ပဏီ/အဖွဲ့အစည်း ၁၀ ခုအား လုပ်ငန်း တစ်ခုချင်းစီ အလိုက် ပွင့်လင်း မြင်သာရှိမှု ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခိုင်မာမှု ၊ ဥပဒေ ဆိုင်ရာ နောက်ခံ အကြောင်းအရာ နှင့် မူဝါဒ လမ်းညွှန်မှုများ လိုက်နာ ဆောင်ရွက်နိုင်မှု အခြေအနေများကို ထပ်ဆင့် တွေ့ဆုံ၍ ကဏ္ဍအလိုက် တင်ပြချက် ၊ ဖြေကြားချက် နှင့် လက်တွေ့ဆောင်ရွက်နေသည့် အခြေအနေ တွေ့ရှိချက်များအား အဆင့်ဆင့် စိစစ်ခဲ့ပြီး ကုမ္ပဏီ/အဖွဲ့အစည်း ၅ ခုအား ထုတ်ပြန် ကြေညာခဲ့သည်။ (Xinhua)