Connect with us

Politics, Law & Military

၂၀၁၇ ခုနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်း တစ်သောင်းကျော် အပြီးဆောက်မည်

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ယာ ဖွံ့ဖြိုးမှု ဦးစီးဌာနသည် ၂၀၁၇ ခုနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ခန်းပေါင်း တစ်သောင်းကျော် (၁၀၂၁၂ ခန်း) ကို အပြီး တည်ဆောက်ကာပြည်သူလူထုထံ ရောင်းချပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြားခဲ့သည်။

“တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ယာများ အနေနဲ့ နေပြည်တော် ရွှေနံ့သာမှာ အိမ်ခန်း ၈၀၊ ရန်ကုန်မှာ ၈၇၁၂ ခန်း၊ မုံရွာမှာ အိမ်ခန်း ၄၄၀၊ မကွေးမှာ ၃၀၄ ခန်း၊ ပုသိမ်မှာ ၆၇၆ ခန်း၊ စုစုပေါင် ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်အတွင်း အပြီးဆောက်ပြီး ပြည်သူတွေကို ရောင်းချပေး သွားပါမယ်” ဟု နေပြည်တော် ပြန်ကြား ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်း ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပထမ တစ်နှစ်တာကာလ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ရောင်းချရာတွင် ဝင်ငွေနည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပင်စင်စားများအား ဦးစားပေးစနစ်ဖြင့် ရောင်းချမည် ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ယာ ဖွံ့ဖြိုးရေး ဘဏ်က အိမ်ယာအပေါင် ချေးငွေစနစ် (housing mortgage loan) ဖြင့် ရှစ်နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်အောင် စီစဉ် ဆောင်ရွက်ထားကြောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို အိမ်ယာ ငွေကြေးစနစ် ထူထောင်နိုင်၇န်၊ ပြည်သူ အိမ်ယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သော ငွေကြေးစနစ် ထောက်ပံ့နိုင်ရန်၊ ပြည်သူများအတွက် တန်ဖိုးသင့် အိမ်ယာများအား အိမ်ယာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ပေးရန်၊ အိမ်ယာစုငွေများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား မြို့ကြီးများတွင် ဘဏ်ခွဲ ခုနစ်ခုတို ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

၂၀၁၆ -၂၀၁၇ တစ်နှစ်တာအတွင်း ရန်ကုန်မြို့တွင် တန်ဖိုးနည်း – တန်ဖိုးသင့် အိမ်ယာ စီမံကိန်းမှ အိမ်ခန်း ၂၂၀၈ ခန်း၊ မန္တလေးမြို့တွင်မြရည်နန္ဒာ အိမ်ရာ စီမံကိန်းမှ အိမ်ခန်း ၈၀၀ ခန်း- ပေါင်း ၃၀၀၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ရန်ကုန်မြို့ ဒဂုံ ဆိပ်ကမ်းမြို့နယ် ဧရာဝဏ် – ရတနာ အိမ်ယာစီမံကိန်းရှိ အိမ်ခန်း ၁၃၈၀ ရှိ ရတနာနှင်းဆီ အဆင့်မြင့် အိမ်ယာကို တည် ဆောက်ခဲ့ရာ နိုင်ငံတာ်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေး ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117