နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) မူလက တင်ပြ တောင်းခံငွေပေါင်း ကျပ် ဘီလျံ နှစ်သောင်းကျော်ခန့်ရှိသည့် ၂၀၁၇ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၃၀၃ ဘီလျံခန့်ဖြတ်တောက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ယနေ့အထိ အစည်းအဝေးကာလ ၄၇ ရက် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ အား ယနေ့မတ် ၁၇ ရက်တွင် ရန်ကုန်မြို့၊ မြောက်ပိုင်း...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား မတ်လ ၂၃ ရက်မှ ၃၁ ရက် အတွင်း လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း ယနေ့ မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ Visa (ဗီဇာ) လျှောက်ထားရာတွင် အဆင်ပြေစေရေးအတွက် Online Visa စနစ်အား e-Visa Website ဖြစ်သည့် https://evisa.moip.gov.mm တွင် လျှောက်ထားနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ ယနေ့မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် မတ် ၁၇ ရက်မှ စတင်၍ ထုတ်ပေးမည် ဖြစ်ရာ လာရောက်...