Connect with us

Politics, Law & Military

ငွေကျပ်သိန်း ၁၈,၀၀၀ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင်လာသူအားဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူဖမ်းဆီးရမိစဉ် (ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့အထွက်ရှိ လမ်းတံတားကောက်ခံရေးဂိတ်၌ ငွေကျပ်သိန်း ၁၈,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူတစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့အထွက်ရှိ လမ်းတံတားကောက်ခံရေးဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် မတ် ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဘားအံမြို့မှ လှိုင်းဘွဲ့မြို့သို့ ယာဉ်မောင်း စည်သူမြင့်မြတ်မောင်းနှင်လာသည့် Land Cruiser အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၈၀ သိန်းခန့်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဘားအံမြို့မရဲစခန်း၌ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.