Connect with us

Politics, Law & Military

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

ပီနံအိတ်ခွံဖြင့် ထုပ်ထား သည့် M-22 အမျိုးအစား (၄ဝ)မမ လောင်ချာတွဲလျက် တစ်လက်နှင့် လက်ကိုင်ဖုန်းခြောက်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ်၂၉ ရက် (ဆင်ဟွာ)

တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့ စစ်ဆေးရာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁ သန်းခန့်နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ဝ၅ . ၉၅၅ သန်းခန့် စုစုပေါင်း ၁ဝ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၆ . ၉၅၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုစစ်ဆေး၍ ဖမ်းဆီးခဲ့မှုများအား မတ် ၂၇ ရက် တစ်ရက်တည်း တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ တရားမဝင်ကုန်စည်များအား စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၆ ရက်က မန္တလေးမှ မူဆယ်သို့ သွားရောက်မည့်Mark-II အမျိုးအစား လိုင်စင်မဲ့ယာဉ်အား သတင်းအရ (၁၆)မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်း ပီနံအိတ်ခွံဖြင့် ထုပ်ထား သည့် M-22 အမျိုးအစား (၄ဝ)မမ လောင်ချာတွဲလျက် တစ်လက်၊ ကျည် အတောင့် ၃ဝ ဆံ့ ကျည်ကတ်အခွံတစ်ခုနှင့် လက်ကိုင်ဖုန်းခြောက်လုံးအား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်

တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး မတ် ၂၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၆၅ဝ၊ သွင်းကုန် ၇၇၃ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် အစီး ၁၉ဝ ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.