Connect with us

Politics, Law & Military

ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ပြေစာ (စလစ်) ဖြင့်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များအား OSS ဖြင့် ဝင်ငွေခွန်ကောက်ခံမည်

ပြည်တွင်းအခွန်များဦးစီးဌာန မှ ကြေညာချက်ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ပြေစာ (စလစ်) ဖြင့်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များအား ကနဦးယာဉ်မှတ်ပုံတင်ဆောင်ရွက်ချိန်တွင် One Stop Service (OSS) (တစ်နေရာတည်းတွင်အပြီးအစီး ဆောင်ရွက်ပေးမှု) ဖြင့် ကျသင့်ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပြေစာ (စလစ်) ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ် များအား ကျသင့်ဝင်ငွေခွန် ကောက်ခံခြင်းကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့ စ၍ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်ပြေစာ(စလစ်) ဖြင့် တင်သွင်းလာသည့် မော်တော်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွင် ဧပြီလ ၁ ရက်နေ့တွင် ကျသင့်ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထားပါရှိမှသာ ကနဦးယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျသင့်ဝင်ငွေခွန်ပေးဆောင်ခြင်းကို ကျသင့်ဝင်ငွေခွန် ကောက်ခံရေးအဖွဲ့ရုံးများဖြစ်သည့် အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း (အောက်)၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ နှင့် အကွက်အမှတ် (၄၁၇) ၊ ၆၅လမ်း၊ ၂၂×၂၃လမ်းကြား၊ အနှိပ်တော်ရပ်၊ အောင်မြေသာဇံမြို့နယ် ၊ မန္တလေးမြို့တို့တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မရှင်းလင်းသည့် ကိစ္စရပ်များ နှင့် အကြံပြုရန်ကိစ္စရပ်များ ရှိပါက နေပြည်တော်ရှိ အခွန်မူဝါဒ နှင့် သုတေသန ဌာနခွဲ ဖုန်း-၀၆၇-၄၃၀၀၀၅ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ၏ ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.