Connect with us

Politics, Law & Military

တစ်နှစ်တာ ကြိုးပမ်း ဆွေးနွေးမှု ရလဒ်များ အဖြစ် NCA စာချုပ်သို့ UNFC အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမည်

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြည့်စွက်သတင်းစကား” (ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

တစ်နှစ်တာ ကြိုးပမ်း ဆွေးနွေးမှု ရလဒ်များ အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ ဝင် ၅ဖွဲ့ ပါဝင် လက်မှတ် ရေးထိုးရန် ယနေ့ မတ် ၃၀ ရက်တွင်ထုတ်ဖော်ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးရန် ဆုံးဖြတ်လိုက်သည့် UNFC အဖွဲ့ဝင် ၅ ဖွဲ့ကိုလည်း မိမိတို့ အစိုးရ ၊ မိမိတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ယုံကြည် ပေးကြသည့် အတွက် အထူးပင် ဝမ်းမြောက်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားအပြီး ဖြည့်စွက် သတင်းစကား အဖြစ် ပြောကြားခဲ့သည်။

ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ပြည်သူ အားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြမည် ဆိုလျှင်ပြည်သူများ မျှော်လင့် တောင့်တနေသည့် ငြိမ်းချမ်းရေးကို မလွဲမသွေ မုချရရှိမည်ဟု အခိုင်အမာ ယုံကြည်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ခေတ်အဆက်ဆက်တိုင်းရင်းသား ပြည်သူများမျှော်လင့်တောင့်တခဲ့ကြသော အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက် ရောင်နီများ ပိုမို လင်းလက် တောက်ပလာခဲ့ပြီ ဖြစ်ကြောင်း ၊ထိုသို့အရေးကြီးလှသည့် အချိန်အခါတွင် မလိုလားအပ်သော အဖျက်အမှောင့်များ ၊ ငြိမ်းချမ်းရေး ပျက်ပြားစေရန်ရည်ရွယ်သော သွေးထိုး လှုံ့ဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင် တိုင်းရင်းသား ခေါင်းဆောင်များ ၊ တိုင်းရင်းသား ပြည်သူများ အနေဖြင့် အထူး ဂရုပြု ကြရန် တိုက်တွန်း နှိုးဆော်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

NCA သို့ပါဝင်လက်မှတ်ရေးထိုးရန်သသောတူခဲ့သည့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ ဝင် ၅ ဖွဲ့မှာ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ ရခိုင် အမျိုးသား ကောင်စီ(ANC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် ဝ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.