Connect with us

Politics, Law & Military

သိမ်းဆည်းမြေနစ်နာမှု ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး ကျပ် ၉၄၂ သန်းခန့် ပေးအပ်

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက တောင်သူများအား နစ်နာမှု ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး ပေးအပ်နေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၉ ရက် (ဆင်ဟွာ)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ယခင် သစ်တော ကျူးကျော် လယ်မြေများနှင့် သီးနှံများအတွက် နစ်နာမှု ထောက်ပံ့ကြေးငွေ ကျပ် ၉၄၂ သန်းခန့်အား နေပြည်တော် စည်ပင် သာယာရေး ကော်မတီက တောင်သူများသို့ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ခြင်းသည် မြေယာလျော်ကြေးမဟုတ်ဘဲ သစ်တောမြေအတွင်း နေထိုင်သော တောင်သူများ အခြားသို့ပြောင်းရွှေ့ရေးအတွက် နစ်နာမှု ထောက်ပံ့ကြေးနှင့် စိုက်ပျိုးထားသော သီးနှံများအတွက် လျော်ကြေး ဖြစ်ကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် ယခုကဲ့သို့နစ်နာမှု ထောက်ပံ့ကြေး ပေးအပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောသည်။

“ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ယခင် ရန်အောင်မြင် သစ်တောကြိုးဝိုင်းတွင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေအဖြစ် လွှဲပြောင်းအသုံးပြုခွင့် ရရှိခဲ့သော မြေနေရာများရှိ သစ်တောတွင်း စိုက်ပျိုး လယ်ယာမြေများနှင့် စိုက်ပျိုး သီးနှံများ အတွက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် တောင်သူများသို့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီများမှ ကွင်းဆင်း တွက်ချက်ထားသော နစ်နာမှု ထောက်ပံ့ကြေးငွေ နှင့် သီးနှံ လျော်ကြေး စုစုပေါင်း ကျပ် ၉၄၁.၉၄၉ သန်းကို ၂၉.၃.၂၀၁၇ ရက်နေ့ တွင် ဇမ္ဗူသီရိမြို့နယ် အထူး စီမံကိန်းရုံးနှင့် ဒက္ခိဏသီရိမြို့နယ် စည်ပင် သာယာ အုပ်ချုပ်ရေးမှုးရုံးများ၌ပေးအပ်ခဲ့ခြင်းသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.