နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ပေါက်တော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့လွှတ်တော်သို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက် တွင် တင်သွင်းခဲ့သည့် “ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေး...
ရန်ကုန်၊ စက်တင်ဘဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ ယနေ့တွင် မော်တော်ယာဉ် ၂၁ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်း မြို့သို့...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်မည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ထံမှ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်သော အကြံဉာဏ်များ ရရှိနိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေး အစီအစဉ်များအား နိုင်ငံခြားရေး...
နေပြည်တော်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးမှ ကြီးမားသော ဘုံသဘောတူညီချက်များ အပါအဝင် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ပြီး...
နေပြည်တော်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၁ရာစု ပင်လုံညီလာခံသည် ၁၉၄၇ခုနှစ်တွင် ကျင်းပခဲ့သော ၂၀ရာစုပင်လုံကဲ့သို့ နိုင်ငံ၏ သမိုင်းတွင် ဝံ့ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတစ်ခု၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးစားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တိုက်တွန်း ပြောကြားလိုက်သည်။
နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့ အစည်းအဝေးတွင် အသင်းအဖွဲ့ အသီးသီး၏ တင်ပြ ဆွေးနွေးမှုတို့သည် ညီလာခံအတွက် စိန်ခေါ်မှု တစ်ရပ်လည်းဖြစ်သကဲ့သို့ ညီလာခံ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အားသာချက်များလည်း ဖြစ်သည်ဟု ၂၁ ရာစု ပင်လုံ ညီလာခံ...
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယနေ့တွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ နိုင်ငံတော်၏ မူဝါဒများ အပိုင်းအား သဘောထား အမြင်များ တင်ပြရာတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေးအား အဓိကထား တင်ပြခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် နေပြည်တော် MICC II တွင် ကျင်းပလျက်ရှိသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့ အစည်းအဝေးသည် အောင်မြင်သော အစည်းအဝေးဖြစ်သည်ဟု ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီဝင်များက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။