Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက်သတင်းထောက်တစ်ဦး အသတ်ခံခဲ့ရကြောင်း မုံရွာမြို့မရဲစခန်းမှုးပြောကြား

သေဆုံးသူ ကိုစိုးမိုးထွန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Soe Moe Facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နေ မုံရွာအခြေစိုက် Eleven သတင်းထောက်တစ်ဦး ဖြစ်သည့် ကိုစိုးမိုးထွန်း သည် ယနေ့နံနက် ၀၀ နာရီ ၂၀ မိနစ်တွင် အသတ်ခံခဲ့ရကြောင်း ၊ မုံရွာမြို့မရဲစခန်းမှုး ဒုရဲမှုး သိန်းဆွေမြင့်မှ ဆင်ဟွာသို့ပြောကြားခဲ့သည်။

မုံရွာမြို့အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းဘေးတွင် ကိုစိုးမိုးထွန်း ကို ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာ ၂ချက်၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာ ၁ ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းအမှုအား လူသတ်မှု (ပ)၁၅၆၄/၂၀၁၆ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒုရဲမှုး သိန်းဆွေမြင့်က “ကျွန်တော်တို့ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းနေပါတယ်။ ဘာကြောင့် အသတ်ခံရတယ် ဆိုတာ စုံစမ်းနေတုန်းပါ’’ ဟုပြောသည်။

ကိုစိုးမိုးထွန်းသည် Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက်အဖြစ် ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၊ မုံရွာ နှင့် အနီးတစ်ဝိုက်ရှိ ဒေသဆိုင်ရာ သတင်းများအား ရေးသားနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ကိုစိုးမိုးထွန်းဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးအားထုတ်ကြိုးပမ်းပေးပါရန် မြန်မာဂျာနယ်လစ်ကွန်ရက် မှ အလေးအနက်တိုက်တွန်း အပ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.