Connect with us

Politics, Law & Military

ရှမ်းမြောက်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူ ၁၄ဝဝဝ ခန့်အထိ ရှိဟုဆို

မုံးကိုးမြို့နယ်စပ်ဝင်ပေါက်ဂိတ်မှ နေရပ်ပြန်လည်ဝင်ရောက်လာသော ဒေသခံများအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူ ၁၄၀၀၀ခန့်အထိ ရှိလာကြောင်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)ထံမှ သိရသည်။

ဒေသတွင်းရှိ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်ခဲ့သည့် လူဦးရေမှာ ၁၄ဝဝဝ ခန့်အထိရှိနိုင်သည်ဟု ခန့်မှန်းကြကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူဦးရေ ၂၀၀၀ မှ ၄ဝဝဝ ခန့် ဒေသအတွင်းနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူဦးရေ ၃ဝဝဝ ခန့်မှာလည်း တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုဝင်ဘာ နှောင်းပိုင်းတွင် အတည်ပြုပြောကြားထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများနေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင်နေထိုင်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ မုံးကိုးမြို့နယ်စပ်ဝင်ပေါက်ဂိတ်မှ အိမ်ထောင်စု ၁၂ စု၊ ကျား ၁၅ ဦး၊ မ ၁၃ ဦး စုစုပေါင်း လူဦးရေ ၂၈ ဦးအားလည်းကောင်း၊ အမှတ်(၂) ရပ်ကွက်မှ အိမ်ထောင်စု ၂၄၁ စု၊ ကျား ၅၃၉ ဦး၊ မ ၆၄၀ ဦး စုစုပေါင်း လူဦးရေ ၁၁၇၉ ဦးအားလည်းကောင်း စိစစ်လက်ခံခဲ့ပြီး ယနေ့ထိ စုစုပေါင်း အိမ်ထောင်စု ၂၅၃ စု၊ ကျား ၅၅၄ ဦး၊ မ ၆၅၃ ဦး လူဦးရေ ၁၂၀၇ ဦးတို့အား စိစစ်လက်ခံနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး ယနေ့ထိ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.