Connect with us

Politics, Law & Military

အမျိုးသား ရေမူဝါဒတွင် နိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ၊ ကမ်းရိုးတန်းဆိုင်ရာ အချက်များ ကျယ်ပြန့်စွာ ဖြည့်ဆည်းသင့်

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း ကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရေပိုင်နက် အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် ရေကို အကျိုးရှိစွာ သုံးစွဲတတ်သောနိုင်ငံ ဖြစ်ရန် အမျိုးသား ရေဥပဒေကို ပြဌာန်းဖို့ လိုအပ်ကြောင်း အမျိုးသား ရေဥပဒေ ပြဌာန်းနိုင်ရေးအတွက် အခြေခံ မူများ ခိုင်မာတိကျ သည့် မြန်မာနိုင်ငံတော် အမျိုးသား အဆင့် ရေမူဝါဒကို ပထမ ရေးဆွဲချမှတ်ရမည် ဖြစ်ပြီး ထိုမူဝါဒတွင် နိုင်ငံတော်၏ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ၊ ကမ်းရိုးတန်းများနှင့် သက်ဆိုင်သည့် အချက်များကို ပိုမို ကျယ်ပြန့်စွာ စိစစ် ထည့်သွင်းသင့်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အကြံပြု တင်ပြခဲ့သည်။

“နိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်း အရှည်သည် ၂၂၃၄ ကီလိုမီတာ ရှိသည် ဖြစ်ရာ ထိစပ်နေသည့် ကမ်းရိုး တန်း ရေ အရင်းအမြစ်များ အပါအဝင် နိုင်ငံတော် ပိုင်နက် ပင်လယ် ဇုန် စီမံခန့်ခွဲခြင်းနှင့် အသုံးချခြင်း သည် ရေမူဝါဒတွင် အဓိက အရေးတကြီး ထည့်သွင်း ဖော်ပြရမည့် အချက် ဖြစ်ပါသည်။ရေမူဝါဒ အခန်း ၉၊ အပိုဒ် ၉ – ၁၂ တွင် ပင်လယ်ရေနှင့် ကမ်းရိုးတန်း ဒေသရှိ ရေများ၊ ယင်းနှင့် ဆက်စပ်သော သဘာ၀ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ယေဘုယျ အကျဉ်းချုု ု ပ် အချက် တစ်ချက်သာ ဖော်ပြထားပါသည်။ နိုင်ငံတော်၏ ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ၊ ကမ်းရိုးတန်းများနှင့် သက်ဆိုင်သည့် အချက်များကို ပိုမို ကျယ်ပြန့်စွာ စိစစ် ထည့်သွင်း သင့်ပါ သည်။” ဟူသည့် ကော်မရှင်၏ အကြံပြုချက်ကို ကော်မရှင် အဖွဲ့ဝင် လမ်းမတော် မဲဆန္ဒနယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးသို့ကော်မရှင် ကိုယ်စား ဖတ်ကြား တင်ပြခဲ့သည်။

ထို့အပြင် ရေမူဝါဒ အခန်း(၁၄)ရှိ နယ်စပ် ဖြတ်ကျော်မြစ်များနှင့် ပတ်သက်၍လည်း ကော်မရှင်က နယ်စပ် ဖြတ်ကျော်မြစ်များနှင့် အပြည်ပြည်ဆိုင်ရာ မြစ်များသည် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် သုံးစွဲမှု အတွက် သာမက နိုင်ငံတော်၏ အချုပ်အခြာ အာဏာ နယ်နိမိတ် သဘာ၀ အပိုင်းအခြား ဖြစ်သည့်အတွက် တိကျ ခိုင်မာမှုရှိရန် အထူး အရေးကြီးပါကြောင်း၊ မြစ်ကြောင်း ပြောင်းလဲမှု မရှိရေး၊ နယ်နိမိတ် ကျူးကျော်မှု မဖြစ်ပေါ်ရေး၊ ရေပေါ် ရေအောက် သယံဇာတ အရင်းအမြစ်များ ဆုံးရှုံ့းမှု မရှိရေး စသည့် အချက်များကို ပိုမို ပြည့်စုံ ခိုင်မာစွာ ဖြည့်စွက် ထည့်သွင်း ဖော်ပြဖို့လိုကြောင်းလည်း ကော်မရှင်က အကြံပြုခဲ့သည်။မြန်မာ့ ရေအရင်းအမြစ်များနှင့် ယင်းတို့ကို စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လက်ရှိ အခြေအနေမှာ စိတ် မအေးစရာ ဖြစ်နေပါကြောင်း၊ စိတ်ပူပင်စရာ အချက်များစွာ အနက်မှ အရေးကြီးသော အချက် အချို့ကို ထုတ်နုတ် တင်ပြထားရာ ပြင်ဆင်သင့်သည့် အချက် အချို့နှင့် ဖြည့်စွက်သင့်သည့် အချက် ၂၂ ချက်တို့ကို တွေ့ရှိရကြောင်းလည်း ကော်မရှင်က တင်ပြခဲ့သည်။

ထိုအချက်များတွင် နိုင်ငံတစ်ဝန်းလုံးရှိ ရေအရင်းအမြစ်များ (water resources/ water supply) နှင့် ရေအသုံး ချမှု အားလုံးအတွက် ရေလိုအပ်ချက်တို့ကို ဒေသအလိုက် အချက်အလက်များ တိုင်းထွာ တွက်ချက် ကောက် ယူ စစ်ဆေးရေးနှင့် စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်းညှိ ဆောင်ရွက်ရေး ကို ဖြည့်စွက် ပြဌာန်းရန် ဟူသည့် အချက်လည်း ပါဝင်သည်။

ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီသည် အခန်းပေါင်း ၁၇ ခန်း ပါသော အမျိုးသား အဆင့် ရေမူဝါဒ ကို ရေးဆွဲပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြခဲ့ရာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ကျင်းပသည့် ယခင် အစိုးရအဖွဲ့ အစည်း အဝေးက အတည်ပြုပေးခဲ့ပြီး ယခု နောက် ပိုင်း တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က အကြိမ်ကြိမ် လေ့လာ ဆန်းစစ် သုံးသပ်ခဲ့ကာ အကြံပြု တင်ပြခြင်းဖြစ်ကြောင်း လည်း ကော်မရှင် အဖွဲ့ဝင် လမ်းမတော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက လွှတ်တော် သို့ ပြောသည်။ကော်မရှင်က တင်ပြခဲ့သည့် အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် နိုင်ငံတော် သမ္မတထံသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ (Xinhua)