Connect with us

Politics, Law & Military

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ထပ်တောင်းငွေမှ ကျပ်ဘီလျံ ခုနစ်ဆယ်ကျော် လွှတ်တော်က ဖြတ်တောက်

ဒုတိယအကြိမ်း ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်းပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နေပြည်တော် ကောင်စီနှင့် ဗဟိုဘဏ် အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ဦးစီးဌာနများက ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထပ်မံ တင်ပြ ထား သည့် ကျပ်ဘီလျံ ၅၃၀ ကျော်အနက် ကျပ်ဘီလျံ့ ခုနစ်ဆယ်ကျော်ကို ပြည်ထောင်စု လွှတ်တော်က ဖြတ် တောက် လျှော့ချပြီး ယနေ့အတည်ပြုခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ၁၀ ခု၊ နိုင်ငံတော် ဗဟိုဘဏ်နှင့် နေပြည်တော် စည်ပင် သာယာ ရေး ကော်မတီတို့က ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၅၃၁,၇၁၇ ဒသမ ၆၈၈ ကို ပြည်ထောင်စု လွှတ်တော်သို့ထပ်မံ တင်ပြ တောင်းခံခဲ့ရာ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ ပြင်ဆင် အဆိုပြုချက်များအရ ပြည်ထောင်စု လွှတ်တော်က ယနေ့အစည်းအဝေးတွင် ကျပ်သန်း ၇၀,၄၄၅ ဒသမ ၃၉၉ ဖြတ်တောက်ပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာတို့တွင် ပါဝင်သည့် မူနှင့် အခြေခံ သဘော အကြောင်း အရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများ အပေါ် ပြည် ထောင်စု အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း တင်ပြ ခဲ့ကြပြီး ဝန်ကြီးဌာနများက ထပ်မံ တောင်းခံသည့် ဘတ်ဂျက်ငွေများအား ဖြတ်တောက် လျှော့ချခြင်းကို ၎င်းတို့က သဘောတူခဲ့ကြကာ လွှတ်တော်က ဆန္ဒမဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၏ တောင်းခံငွေများကို ယခုကဲ့သို့ဖြတ်တောက် လျှော့ချ ခြင်းသည် မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများမှလွဲ၍ ဆိုင်းငံ့ထားလျှင် ရနိုင်သည့် လုပ်ငန်း များအတွက် ဘဏ္ဍာငွေ တောင်းခံမှုများကို အတတ်နိုင်ဆုံး လျှော့ချခြင်းများ ဖြစ်ကြောင်း၊ နိုင်ငံခြားမှ အထောက် အပံ့ ရရှိလာသည့် လုပ်ငန်းအချို့အတွက် ယင်း ထောက်ပံ့ငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေကို လျှော့ချ ဖြတ်တောက်မှုများ လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.