Connect with us

Politics, Law & Military

မောင်တော ဒေသတွင်း တည်ငြိမ်မှု အရိပ်အယောင်များ တွေ့ရှိရကြောင်း ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် သတင်း ထုတ်ပြန်

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ခရီးစဉ်အတွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ မောင်တော ဒေသ၌ စုံစမ်းစစ်ဆေးရာတွင် ဒေသခံများ အတွင်း စိုးရိမ်မှုများလျော့ နည်းလာပြီး ဒေသတွင်း တည်ငြိမ်မှု အရိပ်အယောင်များ တွေ့ရှိရကြောင်း ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ စုံစမ်း စစ်ဆေးရာတွင် အကြမ်းဖက် တိုက်ခိုက် သူများအား ဥပဒေ အကြောင်းအရ အရေး ယူနိုင်ရေး အတွက် တာဝန် ရှိသူများက ဥပဒေလုပ်ထုံး လုပ်နည်းများ နှင့် အညီ ဆောင်ရွက်လျက် ရှိပြီး နိုဝင်ဘာလ ၂၂ ရက် နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး လုပ်ငန်း စဉ်များ၌ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့မှုများ မရှိတော့ကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချို့ကျေးရွာများတွင် စာသင်ကျောင်း များ ပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိသည်ကို သိရပြီး အချို့ကျေးရွာများက စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးရေး၊ ဆရာ ဆရာမ များ စေလွှတ်ပေးရေး မေတ္တာရပ်ခံကြပြီး ရပ်ရွာတည်ငြိမ် အေးချမ်းမှု ရှိလာပြီဖြစ်၍ စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ် ရန် ကော်မရှင် ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

ကော်မရှင်သည် မောင်တော ဒေသသို့ ပထမအကြိမ် အဖြစ် သွားရောက်ခဲ့ သည့် ခရီးစဉ်တွင် စုံစမ်း စစ်ဆေးရေး လုပ်ငန်းစဉ်၏ စုံစမ်း စစ်ဆေးမှုလုပ်ငန်းကို သာမက ဒေသ တည်ငြိမ်ရေး၊ ဒေသခံ များ၏ ရောင်း ဝယ်ဖောက် ကားမှု လည်ပတ်ပြီး စားဝတ်နေရေး အဆင်ပြေရေးနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကိစ္စများပါ အဆင်ပြေရေး အတွက် ကော်မရှင် က ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒီဇင်ဘာလ ၁၁ ရက် မှ ၁၃ ရက် အထိ မောင်တောဒေသ သို့ သွားရောက်ခါ အကြမ်းဖက် တိုက်ခိုက် ခံရ သည့်နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အား စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117