Connect with us

Politics, Law & Military

အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင် ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုမှာ လိုအပ်နေသော ရင်းနှီးမြုပ်နှံမှုရရှိရေး အတွက် အဓိကကျဟုဆို

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)နှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ် ဖက်များအဖွဲ့(CPG) ပထမအကြိမ် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင် ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုမှာ မိမိတို့လိုအပ်နေသော ရင်းနှီးမြုပ်နှံမှုရရှိရေး အတွက် အဓိကကျကြောင်း ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)နှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ် ဖက်များအဖွဲ့(CPG) ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပုဂ္ဂလိကကဏ္ဍမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ ကြီးမားသောအခြေခံအဆောက်အအုံ လိုအပ်ချက်များကို ထောက်ပံ့ကြေးများ၊ ချေးငွေများဖြင့် ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ၊ သို့မဟုတ် စဉ်ဆက်မပြတ်သော ရေရှည်အ လုပ်အကိုင်ဖန်တီးမှုကို မြှင့်တင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် လများ အတွင်း ဖွံ့ဖြိုးမှု အကူအညီ ဆိုင်ရာ အမျိုးသားအဆင့် မူဝါဒ တစ်ရပ်ကို ဖွံ့ဖြိုးမှု အကူအညီ များ ညှိနှိုင်းရေးအဖွဲ့ က ရေးဆွဲမည် ဖြစ်ပြီး မိမိတို့နိုင်ငံက မည်သည့်အကူအညီ အမျိုးအစား လက်ခံ ရရှိ လိုသည်ကို စီစဉ် တင်ပြမည် ဖြစ်ကြောင်း၊ မူဝါဒ ရေးဆွဲရာတွင် DACU အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ ၊ ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံများနှင့် အနီးကပ် တိုင်ပင် ဆွေးနွေးမည် ဖြစ်ကြောင်း၊ မူဝါဒကို နိုင်ငံတကာမှ အကောင်းဆုံး စံနှုန်းဖြင့် ရေးဆွဲမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏အခြေအနေကို ထည့်သွင်းစဉ်းစား၍ အခြေခံမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးမှု အကူအညီများ အတွက် ဦးစားပေး လုပ်ငန်းများ သတ်မှတ်ရာတွင် အမျိုးသား ဖွံ့ဖြိုးမှု ဦးစားပေး လုပ်ငန်းများကို ပထမအဆင့် အဖြစ် သတ်မှတ်ရန် လိုအပ်ကြောင်း၊ လာမည့်လများအတွင်း အစိုးရ၏ စီးပွားရေး မူဝါဒ ၁၂ ချက်အပေါ် အခြေခံ၍ ဝန်ကြီး ဌာနများ အတွင်း ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တစ်ရပ်မှတစ်ဆင့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးစီမံကိန်းများနှင့် အစီအစဉ်များ သတ်မှတ်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဖွံ့ဖြိုးမှုအကူအညီ အမှန်တကယ်လိုအပ်သော စီမံကိန်း အချို့ကို သတ်မှတ်ပြီးဖြစ်ကာ ယင်းစီမံကိန်းများတွင် အခြေခံအဆောက်အအုံ၊ အလုပ် အကိုင်ဖန်တီးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း သိရသည်။

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ကို နိုင်ငံတကာကပေးအပ်သော ဖွံ့ဖြိုးမှုအကူအညီများကို အသုံးပြု ရာတွင် ပြည်သူများထိရောက်စွာ အကျိုးရှိစေရေး အတွက် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်းညှိနှိုင်းခြင်း၊ ဖွံ့ဖြိုးမှု အကူအညီရယူခြင်းနှင့် အသုံးပြုခြင်းတို့ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှု ရှိခြင်း၊ ထိရောက်စွာအသုံးပြုခြင်းနှင့် တာဝန်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၆ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.