နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပြန်ကြားရေး ဝန်ကြီးဌာနသည် ရုပ်သံလိုင်းအသစ် ငါးလိုင်းကို ပုဂ္ဂလိကပိုင် အဖြစ် တိုးချဲ ့လုပ်ကိုင်ခွင့်ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၃ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သော ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)ကို အဖွဲ့ဝင် ကိုးဦးဖြင့် ယနေ့ဖွဲ့စည်းလိုက်သည်။
ရန်ကုန် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) အစိုးရသစ်၏ ရက် ၁၀၀ အတွင်း စက်မှု ဝန်ကြီးဌာနမှ ကဏ္ဍကြီး ၆ ရပ် အား ဆောင်ရွက်ခဲ့သည့် အပြင် စီမံချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ထပ်တိုး ဆောင်ရွက်နိုင်ခဲ့သည့် စီမံချက်များ ရှိကြောင်း စက်မှု ဝန်ကြီးဌာန...
နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ အစိုးရသစ်၏ ပထမရက်၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ယနေ့သတင်းစာရှင်းလင်းပွဲတွင် စီးပွားကူးသန်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပြီး ဦးသန်းဌေးအား ဥက္ကဋ္ဌအဖြစ် ယနေ့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ဒုတိယနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံ ငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံးကိုှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်စိစစ်သိမ်းဆည်းခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စင်ကာပူနှင့် ထိုင်း ကုမ္ပဏီနှစ်ခု အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) လွှတ်တော်အသီးသီးတွင် လစ်လပ်လျက်ရှိသော ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းတွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာသို့...
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် မူဝါဒရည်မှန်းချက်နှင့် မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးမည် မဟုတ်သော်လည်း ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ညီသော နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသော ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) စွန့်ပစ် မြေစာများ မကြာခဏ ပြိုကျပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် ရတနာ တူးဖော်သည့် ကုမ္ပဏီတို့အား မြေစာစွန့်ရာတွင် လှေကားထစ်ပုံ စွန့်ပစ်ရန် ကန့်သတ်ထားမှုကို လိုက်နာမှု ရှိ မရှိ စိစစ်ကြပ်မတ်လျက် ရှိသည်ဟု သယံဇာတ နှင့် သဘာ၀...