Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ် ငြိမ်းနိုင်ရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် တိုက်တွန်းသော ကြေညာချက်အားတွေ့ရစဉ် (နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် တိုက်တွန်းသော ကြေညာချက်တစ်စောင် ယနေ့ နိုဝင်ဘာ ၂၃ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCAတွင် အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊NCAတွင် လက်မှတ်ရေးထိုးပြီး နှစ်ဦးနှစ်ဖက် ဖောက်ဖျက်မှုမရှိရန် စောင့်ကြည့်ဖြေရှင်းသည့် ယန္တရားများ ပိုမိုခိုင်မာစေရန်အတွက် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းအဖြေရှာရေး၊ ပြည်သူများတောင့်တနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ၌ တန်းတူပါဝင်နိုင်ရေးကို ရှေ့ရှုနိုင်ပြီး ငြိမ်းချမ်းရေးခရီးကို အတူတကွလျှောက်လှမ်းကြရန် အလေးအနက် တိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထုတ်ပြန်လိုက်သည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ရမှုကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့ ပြည်သူများပါ ထိခိုက်သေဆုံးခဲ့ပြီး တံတားများ မိုင်းခွဲခြင်း တိုက်ပွဲများဖြစ်ခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်ကာ ပြည်သူများ စီးပွားရေးများကိုလည်း ထိခိုက်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လက်နက်ကိုင်ပဋိပက္ခများ ရပ်စဲနိုင်ရေးအတွက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအနေနှင့် ရှမ်းပြည်နယ်အပါအဝင် ပြည်ထောင်စုတစ်ဝန်း၌ တည်ငြိမ်အေးချမ်းရေးပြန်လည်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.