Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ ကျပ်သိန်း ၁၃၀၀ ကျပ်ခန့်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်းမိ

မောင်တောမြို့နယ်အတွင်း ဖမ်းဆီးရမိသော WYစာတမ်းပါ စိတ်ကြွဆေးပြားများအာ စစ်ဆေးနေစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ကျပ်သိန်း ၁၃၀၀ ကျပ်ခန့်တန်ဖိုးရှိ WYစာတမ်းပါ စိတ်ကြွဆေးပြား ၆၅၀၀၀ခန့် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ ကညင်ချောင်းဝမှ တပ်ချောင်းဘက်သို့ တိုက်ကင်းလှည့်စဉ် မသင်္ကာဖွယ်ရာလှေ ၁ စီးနှင့် လူ ၃ ဦးခန့်အား တွေ့ရှိခဲ့၍ မီးအချက်ပြခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မရှိသဖြင့် လက်နက်ငယ် ၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ ဓနိတောအတွင်းသို့ ထွက်ပြေးသွားခဲ့ပြီး အလျား ပေ ၂၀၊ အနံ ၃ ပေရှိ လက်ခတ်လောင်းလှေ ၁ စီး အား ကမ်းစပ်၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ လှေပေါ်မှ တိတ်အဝါဖြင့် ပတ်ထားသော အထုတ် ၇ ထုတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၆၅၀၀၀ ခန့်၊ ကာလတန်ဖိုး သိန်း ၁၃၀၀ ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့သည်။(Xinhua)