Connect with us

Politics, Law & Military

၂၀၁၇-၁၈ ဘဏ္ဍာနှစ် သစ်တန် ၂၇၀၀၀၀ ကျော်ကို မြန်မာ့ သစ်လုပ်ငန်းပိုင် ဆင်များဖြင့် ထုတ်လုပ်မည်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့ သစ်လုပ်ငန်းက ထုတ်လုပ်မည့် ကျွန်းသစ်နှင့် သစ်မာ တန် ၃၆၅၀၀၀ ထဲမှ သစ်တန် ၂၇၁၀၀၀ ကို မြန်မာ့ သစ်လုပ်ငန်းပိုင် ဆင်များဖြင့် ထုတ်လုပ်သွားမည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

“၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ မြန်မာ့သစ်လုပ်ငန်းက ထုတ်လုပ်မယ့် ကျွန်းသစ်နှင့် သစ်မာ တန် ၃၆၅၀၀၀ ဖြစ်တဲ့ အတွက် မြန်မာ့သစ်လုပ်ငန်းရဲ့ အလုပ်ဆင်များနဲ့ သစ် ၂၇၁၀၀၀ တန် ထုတ်လုပ်မှာ ဖြစ်ပြီး ကျန်တဲ့ သစ်တန် ၉၄၀၀၀ ကိုတော့ ပုဂ္ဂလိက ဆင်တွေနဲ့ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ “မြန်မာနိုင်ငံရှိ သစ်ဆွဲ ဆင်ယဉ်များနှင့် တောဆင်ရိုင်းများမှာ ရှားပါး သတ္တဝါများ ဖြစ်ကြပြီး သစ်ဆွဲဆင်များမှာ အသုံးဝင်သော သက်ရှိ ရတနာ ဖြစ်၍ စနစ်တကျ ထိန်းသိမ်းရန် လိုအပ်နေပြီး သစ်ထုတ်လုပ်မှုများ ပိတ်သိမ်း ရပ်နားထား၍ အလုပ် လက်မဲ့ ဆင်များအတွက် စနစ်တကျ ပြန်လည် စုစည်း ထိန်းသိမ်းနိုင်ရေးကို မည်ကဲ့သို့စီမံ ဆောင်ရွက် ထား သနည်း” ဟူသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှတိုက်တွင် အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယ အများဆုံး ဆင်ဦးရေကို ပိုင်ဆိုင်ထားကြောင်း၊ အိမ်မွေးဆင် မှတ်ပုံတင် စာရင်းများအရ မြန်မာ့ သစ်လုပ်ငန်းပိုင်ဆင် ၂၀၉၉ စီး၊ သစ်တောဦးစီးဌာနပိုင်ဆင် ၁၂၉ စီး၊ ပုဂ္ဂလိကပိုင်ဆင် ၂၅၂၀ စီး၊ စုစုပေါင်း ၄၇၄၈ စီး ရှိကြောင်းလည်း ဝန်ကြီးက ပြောသည်။

“လက်ရှိအချိန်မှာ မြန်မာ့ သစ်လုပ်ငန်းမှ အလုပ်လုပ်နိုင်စွမ်း မရှိတဲ့ အနားပေး ဆင်တွေကို သဘာ၀ အခြေခံခရီးသွား ဝန်ဆောင်မှု လုပ်ငန်း Eco-tourism အနေနဲ့ ဆင်စီးစခန်းတွေ တည်ဆောက်ပြီး လုပ်ကိုင်သွားဖို့ စီစဉ်ထား ပါတယ်၊ ဒီလုပ်ငန်းတွေမှာ ပုဂ္ဂလိကပိုင်ဆင် တွေကိုလည်း ပါဝင်လာဖို့ဖိတ်ခေါ်ထားပါတယ်၊ နောက်ပြီး ဆင်တွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေကို ဆွေးနွေး ပြောဆိုမှုတွေလည်း ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။ထို့ပြင့်ဆင်ဘက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့ သစ်လုပ်ငန်း၊ စီမံကိန်းနှင့် စာရင်းအင်း ဌာန လက်အောက်ရှိ အမှတ်(၁) လေ့ကျင့်ရေး သင်တန်းကျောင်း၊ နန်ချွန်တွင် ပြည် တွင်း ပြည်ပ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆင်ပိုင်ရှင်များ အသင်းမှ ကိုယ်စားလှယ်များ အား ဖိတ်ကြား၍ ဆင်များ၏ အနာဂတ် ကောင်းမွန်ရေး၊ ရေရှည် တည်တံ့ရေး တို့နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် မြန်မာ့ သစ်လုပ်ငန်းရှိ ဆင်အို ဆင်နာများ၊ ဆင်ငယ် များကို ပြုစု စောင့်ရှောက်နိုင်ရန် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် INGO အဖွဲ့တစ်ဖွဲ့နှင့် နှစ်ရှည် စီမံကိန်း နားလည်မှု စာချွန်လွှာ MoU ထိုးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးက “’၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ သစ်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းထားသော်လည်း ဌာနပိုင် ဆင်တွေကို အစာရေစာ ကောင်းတဲ့စားကျက်တွေမှာ ဆင် ငါးကောင်မှ ခုနစ်ကောင်ပါတဲ့ ဆင်ဝိုင်းတွေ ဖွဲ့ပြီး ဆင်ခေါင်း၊ ဆင်အုပ်၊ ဆင်ဝိုင်း တာဝန်ခံ၊ ဆင်ဆေးကု၊ နယ်တာဝန်ခံနှင့် ဒေသ တာဝန်ခံတို့က အဆင့်ဆင့် တာဝန်ယူ စစ်ဆေး အုပ်ချုပ်လျက်ရှိပါတယ်၊ ဆင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကာကွယ်ဆေး ထိုးမှု၊ ဖြည့်စွက် အစာ ကျွေးမွေးမှုတွေ ဆောင်ရွက်ပေးပါတယ်၊ ပုဂ္ဂလိကပိုင် ဆင်တွေ ကျန်းမာရေး ကုသဖို့ လိုအပ် ရင် လည်း ဌာနမှ ဆင်ဆေးကုများက နယ်လှည့် ဆင်ဆေးကု မော်တော်ယာဉ် တွေနဲ့ သွားရောက် ကုသ ပေး ပါတယ်’” ဟုလည်း ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ရှေး မြန်မာမင်းများ လက်ထက်ကပင် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပြီး ၁၈၇၉ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဆင်ထိန်းသိမ်းရေး ဥပဒေသည် မြန်မာနိုင်ငံအတွက် တောရိုင်းတိရစ ္ဆာန် ထိန်းသိမ်းရေး ဆိုင်ရာ ပထမဆုံး ဥပဒေဖြစ်ကြောင်း၊ “တောရိုင်း တိရစ ္ဆာန်နှင့် သဘာ၀ အပင်များ ကာကွယ်ရေးနှင့် သဘာ၀ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄)” အရ ဆင်များကို လုံး၀ ကာကွယ်ထားသည့် တောရိုင်း တိရစ ္ဆာန်များ စာရင်းတွင် ထည့်သွင်းပြီး ကာကွယ် ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.