ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ယခင်ကထက် ဖိဖိစီးစီး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက...
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်များအား ဇူလိုင်လ ၃၁ရက်နေ့ အထိ တစ်နိုင်ငံလုံးရှိ ဟိုတယ်ပေါင်း (၁၃၆၁) လုံး၊ အခန်းပေါင်း (၅၃,၃၅၅) ခန့်ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကစားခဲ့သော မြန်မာ-ဗီယက်နမ်၂၀၁၆ အာဆီယံ အမျိုး သမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ပရိသတ်အားပေးမှု အနည်းငယ် ကြမ်းတမ်းခြင်းကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အရေးယူနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတော် တည်ဆောက်ရေး တို့အား အဟန့်အတား အနှောင့် အယှက် ဖြစ်လျက်ရှိသည့် မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်သို့ယနေ့တင်သွင်းခဲ့ရာ...
နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) တရားရုံးများ၌ တရားစီရင်သည့်အခါ စိတ်ဝင်စားသော ပြည်သူများ ဝင်ရောက် နားထောင်ရာတွင် တားဆီးဟန့်တားသူများအား အရေးယူသွားမည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) လောက်ကိုင်မြို့ အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းလမ်းဆုံအနီးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ နေအိမ်တစ်အိမ်အား သတင်းအရစစ်ဆေးရာ ကျပ်သိန်းပေါင်း (၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် အတူ တရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ် တို့သည် ယခုလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မိုင်းလား အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA )တို့ ယနေ့တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်လာနိုင်ရေး ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။
မန္တလေး၊ ဇူလိုင် ၃၁ (ဆင်ဟွာ) ၂၁ ရာစု ပင်လုံ ညီလာခံသည် အချိန်၊ လုပ်ပိုင်ခွင့် အစရှိသော ကာလ အကန့်အသတ် တစ်ခု အောက်တွင် ပြီးမြောက်စေခြင်းမျိုး မဟုတ်ဘဲ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အာမခံချက် ရှိစေရုံမျှသာမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ...