Connect with us

Politics, Law & Military

အမျိုးသားအဆင့်နိုင်ငံရေဆွေးနွေးပွဲများမှ ရလဒ်များကို ဖေဖော်ဝါရီလ၌ နောက်ဆုံးအဆင့် အတည်ပြုချက် ရယူမည်ဟု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဆို

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ငြိမ်းချမ်းရေးကော်မရှင်မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမျိုးသားအဆင့်နိုင်ငံရေဆွေးနွေးပွဲများမှ ငြိမ်းချမ်းရေး အရင်းအမြစ်ကို အဖြေရှာပြီး ရလဒ်များကို ဆွေးနွေးကာ လာမည့် ဖေဖော်ဝါရီလ၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် နောက်ဆုံး အဆင့်အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးကော်ရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ငြိမ်းချမ်းရေးကော်မရှင်မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလျက်ရှိပြီး ယင်းအခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ က အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နိုဝင်ဘာလတွင် စတင်ကျင်းပပြီး ယင်း ဆွေးနွေးပွဲရလဒ် နောက်ဆုံးအဆင့် အတည်ပြုချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အတည်ပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးသည် ကမ္ဘာမှာရော မြန်မာနိုင်ငံအတွက်ပါ အရေးကြီးပြီး အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နံပတ်(၁)ဦးစားပေးလုပ်ကိုင်လျက်ရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ငြိမ်းချမ်းရေးကော်မရှင်မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

မြန်မာနိုင်ငံပြည်သူများ မျှော်လင့်တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း အဖွဲ့အစည်းများ အားလုံးအတူတကွ လုပ်ဆောင်ရန် ကော်မရှင်ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားခဲ့သည်။

၂၁ရာစု ပင်လုံညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ သဘောထားအမြင်များကို ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး တိုင်းရင်းသား၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ တပ်မတော်တို့ ပါဝင်သော မူဘောင်သုံးသပ်ရေးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း ၎င်းကဆိုသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ တာဝန်ရှိသူများ၊ UPDJCအဖွဲ့ဝင်များ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.