ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပြီး ဦးသန်းဌေးအား ဥက္ကဋ္ဌအဖြစ် ယနေ့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ဒုတိယနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံ ငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံးကိုှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်စိစစ်သိမ်းဆည်းခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စင်ကာပူနှင့် ထိုင်း ကုမ္ပဏီနှစ်ခု အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) လွှတ်တော်အသီးသီးတွင် လစ်လပ်လျက်ရှိသော ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းတွင် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာသို့...
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် မူဝါဒရည်မှန်းချက်နှင့် မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးမည် မဟုတ်သော်လည်း ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ညီသော နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသော ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) စွန့်ပစ် မြေစာများ မကြာခဏ ပြိုကျပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် ရတနာ တူးဖော်သည့် ကုမ္ပဏီတို့အား မြေစာစွန့်ရာတွင် လှေကားထစ်ပုံ စွန့်ပစ်ရန် ကန့်သတ်ထားမှုကို လိုက်နာမှု ရှိ မရှိ စိစစ်ကြပ်မတ်လျက် ရှိသည်ဟု သယံဇာတ နှင့် သဘာ၀...
နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရေကြီးရေလျှံမှုကြောင့် ရေမြုပ်ဒေသ များတွင် ရေပြန်ကျသည့်အခါ စပါး ပြန်စိုက်ပျိုးနိုင်သည့် နေရာများရှိ တောင်သူတို့အတွက် မျိုးစပါးများ အခမဲ့ ဖြန့်ဖြူးပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုက ယနေ့ သတင်းစာ...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ချောင်းဝကျေးရွာ ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ၌ ကျပ်သိန်း ၂၇၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLAနှင့် AAအဖွဲ့တို့ ဖြစ်ပွားနေသော တိုက်ပွဲများ အပြန်အလှန်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုနည်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အစိုးရသစ်၏ တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံ တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့် အယှက် ဖြစ်နေသည့် မှုခင်းများကို လျော့ပါး ကျဆင်းစေရန် ပြည်သူ့ရဲအင်အားကို တိုးမြှင့် အားဖြည့်သွား မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက...