Connect with us

Politics, Law & Military

မြန်မာနိုင်ငံကို LDC မှ လွတ်မြောက်ရန် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆို

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LCD:_ Least Development Country) အဖြစ်မှ လွတ်မြောက်ရေးကို ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အတွက် အကောင်အထည် ဖော်ရေး ကော်မတီကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီး ထပ်မံ ဖွဲ့စည်းကာ ဆောင်ရွက် လျက်ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

တွံတေး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ “ မြန်မာနိုင်ငံ LDC မှ လွတ်မြောက်ရေး အတွက် မည်သို့ဆောင်ရွက်နေပါသနည်း” ဟူသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ၊ ၁၉၈၇ ခုနှစ်မှစ၍ LDC နိုင်ငံ ဖြစ်ခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် LDC နိုင်ငံများ ခံစားနိုင်သည့် အခွင့်အရေးကို အပြည့်အဝ မရရှိခဲ့ကြောင်း၊ ယခုအခါ စီးပွားရေး ပိတ်ဆို့ထားမှုကို ဖယ်ရှားလိုက်ပြီ ဖြစ်၍ LCD နိုင်ငံများ ရယူ ခံစားခွင့် ရှိသည့် special support measure များကို လေ့လာပြီး ရယူ အသုံးချနိုင်ရန် စီမံချက်များ၊ အဆိုပြုလွှာများ ရေးဆွဲ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် LDC နိုင်ငံများ ရသင့်သည့် ကုန်သွယ်ရေး အကူအညီ၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးနှင့် Most favourable EBA (everything but arm) နှင့် GSP (generalized special preference) စသည်တို့ကို ရရှိခံစားနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ရှင်းပြခဲ့သည်။
LCD နိုင်ငံအဖြစ် ကုလသမဂ္ဂ မူဝါဒ ဖွံ့ဖြိုးရေး ကော်မတီက သတ်မှတ်ထားသည့် အညွှန်းကိန်း (criteria) သုံးခုအနက် နှစ်ခုတွင် ထိုအညွှန်းကိန်းထက် ကျော်လွန်ခြင်း၊ သို့မဟုတ် တစ်ဦးကျ ဝင်ငွေသည် စံသတ်မှတ်ချက်၏ နှစ်ဆ ကျော်လွန်ခြင်း အနေအထားဖြင့် သုံးနှစ် ဆက်တိုက် ပြည့်လျှင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အတည်ပြုချက်ဖြင့် LCD နိုင်ငံ အဖြစ်မှ လွတ်မြောက်မည် ဖြစ်သည်။ ထိုအညွှန်းကိန်း သုံးခုမှာ တစ်ဦးကျ ဝင်ငွေ (GNI:_ Gross National Income) ၊ လူသားအရင်းအမြစ် ညွှန်းကိန်း (HAI:_ Human Asset Index) နှင့် စီးပွားရေး ထိခိုက်လွယ်မှု ညွှန်းကိန်း (EVI:_ Economixc Vulnerability Index) တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.