Connect with us

Politics, Law & Military

ရခိုင်ပြဿနာကို ကိုဖီအာနန် ခေါင်းဆောင်မှုဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတ ပြော

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အား သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ပြဿနာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်မှုဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတ ဦးထင်ကျော်က ယနေ့နံနက်တွင် ပြောကြားခဲ့သည်ဟု သမ္မတ အိမ်တော်က သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် နှင့် ကိုဖီအာနန် ဖောင်ဒေးရှင်း အဖွဲ့ဝင် နှစ်ဦးတို့အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့နံနက် ၁၀ း ၃၀ နာရီတွင် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာတွင် ထိုသို့ ပြောကြားခဲ့ကြောင်း သတင်းတွင် ပါရှိသည်။
နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ် ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ် တစ်ခု ဖြစ်ပါကြောင်း၊ မစ္စတာ ကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည် ဟု သမ္မတ အိမ်တော်က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အား သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အား သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

မစ္စတာ ကိုဖီအာနန်က ယခုကော်မရှင်ကို မြန်မာနိုင်ငံက ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံခြားသား သုံးဦး အနေဖြင့်လည်း မိမိတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ပေါင်းစပ် သုံးသပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဒီမိုကရေစီနှင့်အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းကိုလည်း နားလည် လက်ခံ ပါကြောင်း၊ ကော်မရှင် အနေဖြင့် လူထု၏ သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ သို့မှသာ ပြဿနာများ ဖြေရှင်းရာတွင် အထောက်အကူ ပြုမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေးသည် ဟုလည်း ဖော်ပြထားသည်။
ယနေ့နံနက် တွေ့ဆုံမှုတွင် ၂၁ ရာစု ပင်လုံ လုပ်ငန်းစဉ်အပေါ် အလေးအနက် ထားရှိမှု၊ ကိုဖီအာနန် ဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသည့် စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေမှုနှင့် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သမ္မတနှင့် တွေ့ဆုံရာတွင် မစ္စတာ ကိုဖီအာနန်နှင့်အတူ ကိုဖီအာနန် ဖောင်ဒေးရှင်း အဖွဲ့၏ Executive Director Mr. Alan Doss နှင့် Associate research officer Mr. Declan O’ Brein တို့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.