Connect with us

Politics, Law & Military

ရန်ကုန်မြို့တွင်း ဆင်ဆာစနစ် မီးပွိုင့် တပ်ဆင်မှု သတ်မှတ်ချိန် ကျော်လွန် သောကြောင့် ဒဏ်ကြေးများ တပ်၍ အရေးယူ

ဆူးလေကုံးတံတားနားရှိ မီးပွိုင့်အားတွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း မီးပွိုင့်နှင့် ထိန်းချုပ်စင်တာ တပ်ဆင် တည်ဆောက်ရေး လုပ်ငန်းကို ဖေဖော် ဝါရီလမှ စတင်၍ ဇူလိုင် လကုန်ပိုင်းတွင်အပြီးသတ် တပ်ဆင်ရန် သတ်မှတ်ထား သော်လည်း သတ်မှတ် ထားသည့် ခြောက်လအတွင်း မပြီးစီး ခဲ့သောကြောင့် ယင်းတည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီကို ဒဏ်တပ် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံး ဒုတိယ ရဲမှူးကြီး အောင်ကိုဦး ကပြောသည်။

သတ်မှတထားသည့် ကာလ ခြောက်လ ပြည့်သွားခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့်သြဂုတ် ၂ ရက်က စပြီး တစ်ရက်ကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ စတင် အရေးယူ ထားကြောင်း သိရသည်။
ရန်ကုန် မီးပွိုင့် ဗဟို ထိန်းချုပ်ရေး စနစ် အဆောက်အအုံကို ပြည်သူ့ ဥယျာဉ် အတွင်းရှိ နက္ခတ်တာရာ ပြခန်း၌ တည်ဆောက်လျက် ရှိပြီး မြန်မာ ရွှေယင်း ကုမ္ပဏီမှ ငွေကျပ် ၃၈ .၉၂ ဘီလီယံနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် ၂ဝ ဘီလီယံ အကုန် အကျခံကာ တည်ဆောက် နေခြင်းဖြစ်သည်။လက်ရှိတွင် ဆင်ဆာစနစ်သုံး မီးပွိုင့်များကို ဦးဝိစာရ အဝိုင်းနှင့် ဟံသာဝတီ အဝိုင်းတို့တွင်ပါ တိုးချဲ့ တပ်ဆင်ထားပြီး အဆိုပါ မီးပွိုင့်များမှ တစ်ဆင့် လမ်းပြောင်းပြန် မောင်းနှင်မှုရှိ၊မရှိနှင့် စည်းကမ်း ဖောက်ဖျက်မှုရှိ၊ မရှိစောင့် ကြည့်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
ခေတ်မီ မီးပွိုင့်များကို ရက် ၁ဝဝ စီမံ ချက်တွင် ထည့်သွင်း၍ ဆောင်ရွက် ခဲ့သော်လည်း အချိန်မီ ပြီးစီးခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဒဏ်ကြေးငွေများ ပေးဆောင် စေခြင်းဖြင့် အရေး ယူ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.