Connect with us

Politics, Law & Military

E- Government စနစ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆို လွှတ်တော်က ဆွေးနွေးရန် လက်ခံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အကျိုး ပါဝင်ပတ်သက်သူများ အားလုံးသည် E- Government Website များနှင့် Mobile Application များမှတစ်ဆင့် ဌာနဆိုင်ရာ ဝန်ဆောင်မှုများ နှင့် သတင်းအချက်အလက်များကို ရယူ သုံးစွဲနိုင်ရေး အတွက် E- Government စနစ်များ ပိုမို ထိရောက် အောင်မြင်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက သဘောတူခဲ့သည်။

ထိုအဆိုကို ပြည်သူ့လွှတ်တော် ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကော်မတီ အတွင်းရေးမှူး၊ ပန်းပဲတန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက တင်သွင်းခဲ့ပြီး ဆိပ်ကမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ထောက်ခံခဲ့သည်။
“မြန်မာနိုင်ငံမှာ E- Government နိမ့်ကျနေရတဲ့အကြောင်းရင်းတွေ အတော်များများ ရှိနေပါတယ်။ ဒါတွေကို ပြင်ဆင်နိုင်မှသာ E – Government ရဲ့အကျိုးစီးပွားကို ပြည်သူတွေ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးနေဖူးဗဆွေက လွှတ်တော်သို့တင်ပြခဲ့သည်။
သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်မှု အားနည်းပြီး တိကျ သင့်လျော်သော IT နည်းပညာ လိုအပ်ခြင်း၊ အသုံးပြုသူများ၏ လိုအပ်ချက်များနှင့် အလှမ်းကွာနေခြင်း၊ အစိုးရအဖွဲ့၏ လုပ်ထုံး လုပ်နည်းများနှင့် လိုက်နာ ဆောင်ရွက်နေရသော အများပြည်သူဆိုင်ရာ ကုမ္ပဏီ လုပ်ငန်းများ၏ လုပ်ထုံး လုပ်နည်းများ ကွာဟနေခြင်း၊ ဗဟို ချုပ်ကိုင်မှု အလွန်များခြင်း၊ ဝန်ထမ်းများက တာဝန်ယူ အသုံးပြုရန် ကြောက်ရွံ့ခြင်း၊ လျှပ်စစ်စွမ်းအား လုံလောက်မှု မရှိခြင်း စသည့် အချက်များ အပါအဝင် အားနည်းချက်များကို အမြန်ပြုပြင်ပြီး အရှိန် အဟုန်ဖြင့် ဆောင်ရွက်သင့်သည်ဟုလည်း အဆိုတင်သွင်းသူက လွှတ်တော်သို့ တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.