ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား နိုင်ငံတော်သမ္မတက မတ် ၂၅ ရက်နေ့စွဲဖြင့် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊မတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်းယနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မတ် ၂၄ရက်(ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက်ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA:_ International Development Association) ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် Global Financial Facility ထောက်ပံ့ငွေဒေါ်လာ ၁၀ သန်း ရယူရေးအား ပြည်ထောင်စုလွှတ်တော်...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ယနေ့ မတ် ၂၃ ရက် နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ သင်တန်းကျောင်းအား...
နေပြည်တော်၊ မတ် ၂၀ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် ယနေ့ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ပြင်ဆင်ချက် လေးခုတို့အား ဆက်လက် ဆောင်ရွက်ရန်...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့မတ် ၁၉ ရက်က မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများ ၁၁ဦးအား စိစစ်လက်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့် နိုင်ငံခြားသားကို မဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ယနေ့ မတ် ၁၉ ရက်မှစတင်၍ ယာယီ ပိတ်ပင်တားမြစ်လိုက်ကြောင်း...
နေပြည်တော်၊ မတ် ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲပေးခြင်းကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေပြည်တော်၊ မတ် ၁၈ ရက်(ဆင်ဟွာ) မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် (EDCF: Economic Development Cooperation Fund) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရယူဆောင်ရွက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်...