Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် ဆောင်ရွက်နိုင်ဟုဆို

/mm/2020/09/16k01.jpg

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခွန်အခပေးချေခြင်းကို အွန်လိုင်းမှ တစ်ဆင့်ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

“လတ်တလောမှာ  COVID-19 ရောဂါ ပိုမိုကူးစက်ပြန့်ပွားလျက်ရှိပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်နိုင် ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုအပြင် တခြားဝန်ဆောင်မှုလုပ်ငန်းများကို ရုံးလာစရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် နေ့ညအချိန်မရွေး ငွေပေးချေနိုင်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက စက်တင်ဘာ ၁၆ ရက်တွင်ပြောသည်။

အဆိုပါအစီအစဉ်တွင် စက်မှုဇုန်အမှိုက်သိမ်းဝန်ဆောင်မှု၊ ဆေးရုံ၊ ဆေးခန်း အမှိုက်သိမ်းဝန်ဆောင်မှု၊ ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှုတို့ကို အွန်လိုင်းမှ တစ်ဆင့်ချိတ်ဆက်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း၊  ထို့အပြင် အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်ဝန်ဆောင်ခ၊ ရေသွယ်ယူခွင့်ဝန်ဆောင်ခ စသည့်အခွန်အခများပေး သွင်းမှုအတွက် ငွေပေးချေမှုများကိုလည်း အွန်လိုင်းမှ တပါတည်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအွန်ုလိုင်းဝန်ဆောင်မှုများ အတွက် My City App ကို ဖုန်းတွင်ထည့်သွင်း၍ On Call ခေါ်ယူဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။ ငွေပေးချေခြင်း အတွက် ရန်ကုန်မြို့တော်ဘဏ် ၏ City Pay Mobile Wallet ကို My City App တွင် ထည့်သွင်းချိတ်ဆက်ထားပြီး ယင်းဘဏ်တွင်  City Pay Wallet Account ကိုဖွင့်လှစ်၍ Wallet Top-up ပြုလုပ်ခြင်း၊ Wallet to Wallet ငွေလွှဲပြောင်းခြင်း Bill ပေးသွင်းခြင်းတို့ ကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.