Connect with us

Politics, Law & Military

၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်

NLD အာင်နိုင်ရေးအောင်လံ လွှင့်ထူနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ယနေ့ (စက်တင်ဘာ ၈ ရက်)မှစတင်ပြီး ၂၀၂ဝ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်လုပ်ငန်းများ စတင် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် သက်ဆိုင်ရာ မြို့များရှိ ပါတီရုံးများတွင် ပါတီအလံ၊ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်သူများအား မဲဆွယ်စည်းရုံးခြင်းများ  စတင် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအောင်လံ လွှင့်ထူခြင်း အခမ်းအနားကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ)၌ ယနေ့ နံနက် ၈နာရီတွင် ပြုလုပ်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေး အလံကို လွှင့်တင်ပေးခဲ့ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း  အောင်နိုင်ရေးအောင်လံများ စိုက်ထူခဲ့ကြောင်း သိရသည်။

PPPပါတီမှ မဲဆွယ်စည်းရုံးရေးများ စတင်ဆောင်ရွက်နေမှုအား တွေ့ရစဉ် (PPP)

ပြည်သူ့ပါတီမှ ပြည်သူများအားCOVID-19ကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှနေစဉ် (ပြည်သူ့ပါတီ)

 

USDPပါတီမှ စျေးအတွင်းနှာခေါင်းစည်းများ ဝေပေးနေစဉ်(USDP)

“လက်ရှိကျွန်တော်တို့ လုပ်လို့ရတဲ့နည်းလမ်းကတော့ ဘယ်ပါတီမဆိုပါပဲ အွန်လိုင်းကနေ ကျွန်တော်တို့ ကိုယ်စားလှယ်ရဲ့ အကြောင်းလေးတွေ ကိုယ်စားလှယ်ရဲ့ သတင်းစကားတွေ၊ ပါတီရဲ့မူဝါဒတွေ၊ ကိုယ့်သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် facebookကနေပြီးတော့ပဲ အွန်လိုင်းကနေပဲ သွားနေကြတာ။ ဒါကတော့ ပါတီတိုင်း ဒီလိုပဲ ကျင့်သုံးနေရတာ”  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆင်ဟွာသို့ ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ မဲဆွယ်စည်းရုံးမှု စတင်ခြင်းကို မရမ်းကုန်းမြို့နယ်တွင် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဦးဆောင်၍ ပါတီဆိုင်ဘုတ်များ ထောင်ခြင်း၊ ပါတီအမှတ်တံဆိပ်ပါ ဦးထုပ်များ ဝေခြင်း၊ လက်ကမ်းစာစောင်များ ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ဒီညနေ ၄နာရီကို ကျွန်တော်ရွာမှာ နွားလှည်းတွေနဲ့ ပါတီအလံထောင် လှည့်မယ်၊ အိုးစည်ဒုံးပတ်တွေရောပါမယ်၊ COVID-19ရောဂါဖြစ်တဲ့ ကာလမှာ မဲဆွယ်စည်းရုံးရေးက ခက်ခဲတယ်၊ ရွေးကောက်ပွဲကော်မရှင်က ချထားသော ဥပဒေအပြင် ကျန်းမာရေးကထုတ်ပြန်တဲ့ စည်းကမ်းတွေပါ လိုက်နာပြီး မဲဆွယ်ရတာ”ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ ကန့်ဘလူမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လင်းက ဆင်ဟွာသို့ ပြောကြားသည်။

ပြည်သူ့ပါတီအနေဖြင့်လည်း ကမာရွတ်မြို့နယ်တွင် ယနေ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ရာ၌ ပြည်သူများ COVID-19ရောဂါ ကာကွယ်ရေးကို အဓိက ဆောင်ရွက်ရန် ပြောကြားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။

“ဒီရောဂါကြီးဖြစ်နေချိန်မှာ သူတို့ အာဏာရရေးလုနေတယ်လို့ ပြည်သူတွေမြင်သွားမှာမျိုးမလုပ်ချင်ဘူ။COVID-19နဲ့ ပတ်သတ်ပြီး ပညာပေးတာမျိုးလောက်ပဲလုပ်မယ်”ဟု ဦးကိုကိုကြီးက ဆင်ဟွာသို့ပြောကြားခဲ့သည်။၂၀၂၀ ပါတီစုံရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာ နှင့် တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉ နေရာအတွက်  နိုင်ငံရေးပါတီ ၉၄ပါတီမှ ကိုယ်စားလှယ်ပေါင်း ၆,၉၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲထံမှ သိရသည်။၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.