ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် ဟိုပုံးမြို့နယ် ဖက်ရမ်းကြီးကျေးရွာ၏ အနောက်တောင်ဘက် ၃မိုင်ခန့်အကွာ၌ အမြင့်၁ပေခန့်သီးပွင့်ဆဲဘိန်းစိုက်ခင်း၁၂ ဧကခန့်အားဖျက်ဆီးခဲ့ကြောင်းပြန်ကြား ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့အတွင်းလူစည်ကားရာနေရာများရှိမီးပွိုင်နေရာ၁၄ခုတွင်မြို့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေရန်အတွက် CCTV ကင်မရာများတိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်တပ်ဆင်နေပြီဖြစ်ကြောင်းနှင့်တစ်လအတွင်းအပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်းမြိုနယ်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၁၃,၀၀၀တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ဒုတိယရဲအုပ် ဟန်လင်းအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကုမ္ပဏီ ဥပဒေအရ ကုမ္ပဏီများအနေဖြင့် အီလက်ထရောနစ် မှတ်ပုံတင်စနစ်(Myanmar Companies Online-MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါ စနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံး ခဲ့ပြီးနောက်၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀...
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်တန်ပေါင်း ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင်သစ် တန် ၁၆၅,၀၀၀ ကျော်ဖမ်းဆီးရမိ ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ (ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ လဆန်းတွင် ကျင်းပရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ နှစ်ဖက် သဘောထား စုစည်းချက် (၈) ချက်အား ဒီဇင်ဘာ...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေးကားလမ်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ ဖိုးရာဇာလမ်းအနီး၌ ဒီဇင်ဘာ ၂၂ ရက်တွင် ယာဉ်တစ်စီးပေါ်မှ ၁၀,၀၀၀ ကျပ် တန်ငွေစက္ကူအတု ၃,၉၇၃ ရွက် သိမ်းဆည်း ရမိခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ငါးဦးကို အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း...