Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် NLD ပါတီရုံးချုပ် အဆောက်အအုံအတွက် ပန္နက်တင်ပွဲ တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ် အဆောက်အအုံအတွက် ပန္နက်ရိုက်ပွဲ အခမ်းအနားတွင် မင်္ဂလာ ပန္နက် ရိုက်ပေးနေသည့် NLD ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ တော်ဝင်ရတနာလမ်းမ၊ တုံဂပူရိဟိုတယ် အနီးတွင် တည် ဆောက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရုံးချုပ် အဆောက်အအုံ နေရာအတွက် ပန္နက်တော် တင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ပြီး  နံနက် ၆ နာရီ : ၃၀ မိနစ် တွင် မင်္ဂလာ ပန္နက်တော်အား ရိုက်နှက် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ် အဆောက်အအုံအတွက် ပန္နက်ရိုက်ပွဲ အခမ်းအနားတွင် မင်္ဂလာ ပန္နက် ရိုက်ပေးနေသည့် NLD ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  တွေ့ရစဉ်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ် အဆောက်အအုံအတွက် ပန္နက်ရိုက်ပွဲ အခမ်းအနားတွင် မင်္ဂလာ ပန္နက် ရိုက်ပေးနေသည့် NLD ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  တွေ့ရစဉ်(ဆင်ဟွာ)

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ် အဆောက်အအုံအတွက် ပန္နက်ရိုက်ပွဲ အခမ်းအနားတွင် မင်္ဂလာ ပန္နက် ရိုက်ပေးနေသည့် NLD ပါတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ ပါတီ ဥက္ကဌနှင့် အတူ ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပါတီ အောင်နိုင်ရေး အဖွဲ့ဝင် သမ္မတ(ဟောင်း) ဦးထင်ကျော်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခရိုင်ဥက္ကဌ  ဦးမင်းသူနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)