Connect with us

Politics, Law & Military

မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ပျောက်ဆုံး ၊ ၁ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ 

မောင်တောမြို့အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ပျောက်ဆုံးမှုတွင်  တစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က စက်တင်ဘာ ၈ ရက် တွင် သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်းတို့နှစ်ဦးသည် စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ၎င်းတို့၏လစာငွေများကို မိသားစုထံသို့ ပေးပို့ရန်အတွက် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းများနှင့်အတူ ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ်လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပျောက်ဆုံးရဲတပ်သားနှစ်ဦးအား ရှာဖွေခဲ့ရာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှ ရဲတပ်သား ဇေယျာမျိုးအား သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။ 

ဆက်လက်၍ ရဲတပ်သားအားရက်စက်စွာသတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျန်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရှာဖွေတွေ့ရှိရေး အတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေမှုများဆောင်ရွက် လျက်ရှိကြောင်း ပဏာမစုံစမ်းချက်အရ AA နှင့် ARSA အကြမ်းဖက် လက်နက်ကိုင်အုပ်စုမှ အလစ်အငိုက်ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.