ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ...
နေပြည်တော်၊ အောက်တိုဘာ ၉ရက်(ဆင်ဟွာ) အသေးစား အဂတိလိုက်စားမှုများ လျှော့ချရေးအတွက် ပြည်ထောင်စု ၀န်ကြီးဌာန ၁၇ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ ့အစည်း ငါးခုတို ့တွင် CPU Toolkit (Corruption Prevention Unit) လက်သုံး ကိရိယာများ အသုံးပြုသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်(၅၈/၅-၆)ကြား အောက်တိုဘာ ၈ရက်တွင် ယာဉ် ၃ စီး တိုက်မိပြီး လူ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ၂၀၁၈ – ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၉၅,၂၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ပြည်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့ရှိ မြို့မစျေးအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ အောက်တိုဘာ ၉ရက် နံနက် (၆) နာရီခန့်က နယ်မြေခံ တပ်မတော်နှင့် စိစစ်ဆဲ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားရာ ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများသည် မူလနေထိုင်သူနှင့် ဘေးပတ်ဝန်းကျင်အား အန္တရာယ်ကျရောက်နိုင်မည့် အခြေအနေ ဖြစ်ပေါ်ပါက မြေရှင်ရှိသည့် အဆောက်အအုံဖြစ်လျှင် မြေရှင်ကို ဖျက်သိမ်းဆောင်ရွက်စေပြီး မြေရှင်မရှိသည့် အဆောက်အအုံဖြစ်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် အဆောက်အအုံဟောင်းအား ဖျက်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် ကားလမ်းပိုင်းများ ပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းရှိ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၄၀ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရေလွှဲမြောင်း (Box Culvert) (၃၅)ခု ဆောင်ရွက်ရန် လျာထားတင်ပြထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ ၃ ရက်က ကျပ် သိန်းပေါင်း ၂၅,၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ခွင့်ပြုချက်မရှိသည့် စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။