Connect with us

Politics, Law & Military

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၇ ရက်၁၉းဝဝ နာရီအချိန်တွင် ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ရွှေကူမြို့နယ်၊ မန္တလေး-ဗန်းမော် သွားကားလမ်းတွင် ငါးအိုးကျေးရွာဘက်မှ ရွှေကူမြို့နယ် ဘက်သို့ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာနေသူများဖြစ်သည့် စိုးအောင် ၄၂ နှစ်မောင်းနှင်ပြီး မြင့်သူထွန်း(ခ)မြင့်သူ ၃၈ နှစ်နှင့် မောင်ဇော် ၃၇ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၁၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၁၂ သိန်း)နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂,၅၀ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄,၂၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား ရွှေကူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.