Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားနှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanmar)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက် ၁၆း၃၀ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ သစ်ဖွဲ့ပင်ပြန့်၊ ဆင်စခန်းတဲနေ အောင်ကျော်ကျော် (၂၂ နှစ်)၏ နေအိမ်တဲအားဝင်ရောက်ရှာဖွေရာ တဲအတွင်း၎င်းနှင့်အတူ အဆိုပါဆင်စခန်းနေ ထွန်းကြိုင် (၃၃ နှစ်)တို့အား တွေ့ရှိပြီး တဲအနောက်ဘက်ရှိ နွားတင်းကုတ်အတွင်းမှ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ဒေသကာလပေါက်ဈေးငွေကျပ် ၁၄,၂၂၀ သိန်းတန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူတို့အား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.