Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအား လူ(၆)ဦးမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ ကျောက်တော်မြို့မရဲစခန်း မှုခင်းမှတ်တမ်းဌာနမှ ဒုရဲအုပ်တစ်ဦးအား ယနေ့ (ဇွန် ၁၃ ရက်) ညနေ ၃နာရီကျော်က အမည်မသိ လူ(၆)ဦးမှ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ ဒုရဲအုပ်သည် ရဲစခန်းမှ နေအိမ်သို့ အပြန်လမ်း၌ လူ(၆)ဦးခန့်မှ ဓားဖြင့်ဝိုင်းထိုးမှုကြောင့် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

” ဟိုတလောကလည်း ကျောက်တော်မှာ တပ်ကြပ်ကြီးတစ်ဦးကို ဓားနဲ့ ထိုးသတ်မှုဖြစ်ခဲ့သေးတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇွန် ၁၃ ရက် မနက် ၅နာရီခွဲကလည်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပတ်ရဲကင်းစခန်းကို AA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ၁၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ရဲကင်းစခန်းမှပြန်လည်ခုခံသဖြင့် AA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သည် စခန်း၏ အရှေ့ဘက်သို့ ထွက်ပြေးသွားကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။  (Xinhua)